မာန်မာန ထောင်လွှားခြင်း မရှိဘဲ ရိုးကျိုး နိမ့်ချတတ်သူ အသင်းလိုက် ကစားသမားမျိုး ဖြစ်တဲ့ မက်အယ်လစ်စတာ

မက်ကယ်လစ်စတာဟာ အောက်တိုဘာ နှောင်းပိုင်းကမှ ဘရိုက်တန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ အပြောင်းအရွှေ့ သတင်းထောက်တွေဘက်က စာချုပ်ထဲမှာ ဖျက်သိမ်းကြေး ပါဝင်လားဆိုတာ စုံစမ်းခဲ့ကြပေမယ့် သေချာမသိရသေးပါဘူး။

လီဗာပူးအသင်းဟာ ကွင်းလယ် လူသစ်များစွာအတွက် ဘတ်ဂျက်ကို ခွဲဝေသုံးစွဲမှာဖြစ်တယ်။ အယ်လစ်စတာအတွက် ဘယ်လောက် ကုန်ကျမလဲ ဆိုတဲ့အပေါ်မှာ နှုတ်ဆိတ်နေဆဲ ဖြစ်ပေမယ့် အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အယ်လစ်စတာက ဘယ်လို ကစားသမားလဲဆိုတာကို သူ့ရဲ့ ကစားဟန်တွေကနေ သိထားနိုင်ပြီး သူ့ရဲ့ စိတ်ဓါတ်ပိုင်းတွေကိုတော့ ယူကျူ့က ဗီဒီယိုတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။

တောင်အမေရိသားတွေကို ကိုယ်စားပြုထားသူ တစ်ဦးလို့ ကိုယ်ဘာသာ ခံယူထားတဲ့ နားလည်ထားတဲ့ အယ်လစ်စတာဟာ မာန်မာန ထောင်လွှားသူ တစ်ဦး မဟုတ်ဘဲ နိမ့်ချတတ်ပြီး အသင်းအတွက် ဦးစားပေးတတ်တဲ့ စိတ်ထားရှိတယ်လို့တော့ သတင်းထွက်ထားပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ပေါလ်အင့်စ်က “ ကျွန်တော်တို့ အခု ကမ္ဘာ့ဖလား ဆုရှင် တစ်ယောက်ရဲ့ဘေးမှာ ရပ်နေပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့သူပါ။ ဒါပေမယ့် သူက အရမ်း နှိမ့်ချတတ်တာပဲ။

သူက တောင်အမေရိက ကြယ်ပွင့်တွေအကြောင်းကို ဂရုတစိုက် ပြောပြတယ်။ သူကိုယ်တိုင် လူငယ်ပဲရှိသေးပေမယ့် သူ့ကိုယ်သူ အဓိကမထားဘူး။ အသင်းအတွက်က အဓိကပဲ။ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတာကို သူပျော်တယ်။ သူက နည်းနည်း ညစ်ကစားတတ်ရတာ ကြိုက်ပေမယ့် သိပ်ကို အရည်အချင်းရှိတဲ့ ကစားသမားပါ။

ဘရိုက်တန်ကစားသမားတွေကို ဝယ်ဖို့ ကလပ်တွေ ကြိုးစားကြမှာဖြစ်ပါတယ်။ ဒီကောင်လေးကိုလည်း ပြိုင်ဘက်တွေ မျက်စိကျလာမှာပဲ။ ကလပ်တွေက သူ့ကို စောင့်ကြည့်နေကြမှာ သေချာတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အသင်းလိုက် အားထုတ်ပေးလိုတဲ့ ကစားသမားတွေကို ရှာဖွေ ခေါ်ယူလေ့ရှိပြီး အယ်လစ်စတာလို ကစားသမားက ကလော့ပ် ပြောပြောလေ့ရှိတဲ့ မှန်ကန်တဲ့ ကစားသမားမျိုး ဖြစ်လာမယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။