နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ကလယ်ဟာကို ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးဘက်က ပယ်ချလိုက်ပါတယ်။ ဖောရက်စ်တို့က ပေါင် သန်း ၂၀ ထိ တိုးပေးလိုပေမယ့် နွေမှပဲ ဂိုးသမားလေးကို အသင်းပြောင်းခွင့်ပေးမှာပါ။
လီဗာပူးအတွက် သူနောက်ဆုံး ရပ်ပေးမယ့် မိနစ်ထိ အသင်းရဲ့ ရည်မှန်းချက်၊ ယုံကြည်ချက်နဲ့ အဆင့်အတန်းတွေ အမြင်ဆုံးမှာ ရှိနေရေး ထိန်းသိမ်းသွားမယ်လို့ နည်းပြကလော့ပ်က ဆိုပါတယ်။
လက်ထောက်နည်းပြ ပပ်လင်ဒါးဟာ ဒီနွေမှာ လီဗာပူးမန်နေဂျာ ရာထူးအတွက် ဝင်ပြီး ပြိုင်ဆိုင်သွားဖွယ် မရှိတော့ပါဘူး။
ဒီနောက်ပိုင်း လီဗာပူး ကစားဟန်မှာ တစ်ချက်ထိ အမြန်ပေးတွေ များလာနေပြီး ပထမရာသီဝက်တုန်းကထက် ဘောလုံး ပိုမြန်မြန် ကစားနိုင်စွမ်း ရှိလာတယ်လို့ ထောက်ပြမှုတွေ ထွက်နေပါတယ်။
အာဆင်နယ်ပွဲ အမှီ မိုဆာလာ ပြန်သက်သာလာရေး လီဗာပူးအသင်း ဆေးအဖွဲ့က ကြိုးစားပေးနေပေမယ့် အခုချိန်ထိတော့ အာမခံချက် မရှိသေးပါဘူး။
Mo Salah on Instagram 📱 pic.twitter.com/r2SP0EkQhG
— Anything Liverpool (@AnythingLFC_) February 1, 2024
ချယ်ဆီးပွဲမှာ သူ့နာမည်ကို သီဆိုပြီး ဂုဏ်ပြုပေးကြတဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ဘရတ်ဒလေက ထုတ်ပြောသွားပါတယ်။
ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးမှာ လီဗာပူးအသင်းဟာ ခံစစ်ကနေ တိုက်စစ်ထံ ကစားကွက် အမြန်တည်ဆောက်တဲ့ direct ball ကို သုံးခဲ့တာဖြစ်ပြီး ဒီယက်စ်ရဲ့ သွင်းဂိုးမှာတော့ လီဗာပူး တစ်သင်းလုံး ဘောလုံးထိခဲ့ကာ Pass and Move ပုံစံကို သုံးခဲ့တာဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေဟာ ပွဲတစ်ပွဲပြီးတိုင်း သူတို့ရဲ့ ချစ်ခင်ခြင်း မက်ဆေ့တွေကို သတင်းဌာန အသီးသီးကနေ ယာဂင်ကလောပ်ထံ ပေးပို့နေကြပါတယ်။
ကွင်းလယ်လူ ဘော်ဘီကလက် ကို အသင်းအများအပြားက အငှားအတွက် ကမ်းလှမ်းပေမယ့် စီနီယာအသင်းမှာ ဆက်ထားဖို့ လီဗာပူးဘက်က ဆုံးဖြတ်ခဲ့ပါတယ်။