လီဗာပူးအသင်းနဲ့ ၁၀ လ ကျော် ဝေးကွာနေတဲ့ ကွင်းလယ်လူ သီယေဂိုဟာ အသင်းရဲ့ လေ့ကျင့်ရေးကို ပုံမှန်အတိုင်း ပြန်ဆင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို အဆင့် ၁ နေရာ လွဲမပေးရရေး လီဗာပူးကို ရင်ဆိုင်ဖို့ဆိုတာ တတ်နိုင်သလောက် ခက်ခဲရေး ရာသီကုန်ထိ ကြိုးစားမယ်လို့ နည်းပြကလော့ပ်က ဆိုပါတယ်။
ချယ်ဆီးကို ခပ်လွယ်လွယ် အနိုင်ယူခဲ့တဲ့ လီဗာပူးကို ကြည့်ပြီး အာဆင်နယ်တို့ ဒီအပတ်ပွဲ အနိုင်ရမယ်လို့ သူ မမှန်းရဲတော့ပါဘူးလို့ ပေါမာဆန်က ပြောင်းလဲ ခန့်မှန်းပါတယ်။
နည်းပြကလော့ပ်က ခြေထောက် ဒဏ်ရာကြောင့် ဒါဝင် ပါဝင်နိုင်မှာ မသေချာဘူးလို့ ပြောဆိုပေမယ့် အသင်းရဲ့ လေ့ကျင့်ရေးကို ဒါဝင် ရောက်လာခဲ့သလို အသင်းလိုက် လေ့ကျင့်ရေးမှာလည်း ပါဝင်ခဲ့ပါတယ်။
🚨 NEWS: Darwin Nunez involved in Liverpool's team training this afternoon.
✍️ @ptgorst pic.twitter.com/bagfgccHpa
— Anything Liverpool (@AnythingLFC_) February 2, 2024
လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ဆဲလ်ဘတ် တိုက်စစ်မှူး အူမာဆိုလက်ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် ကြိုးစားခဲ့ခြင်း မရှိပါဘူး။
လေဗာကူဆင်နည်းပြ အလွန်ဆိုကို လီဗာပူးဘက်က ခေါ်ယူလိုတယ်ဆိုရင် စာချုပါဖျက်သိမ်းကြေး ယူရို ၁၀ သန်းအထက် ပေးရမှာပါ။ စပို့တင်း နည်းပြအာမိုရင်းမှာလည်း ယူရို ၁၅ သန်း ဝန်းကျင် စာချုပ်ဖျက်သိမ်းကြေး ရှိနေပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ xG ပိုင်း ဖန်တီးနိုင်စွမ်း အမြင့်ဆုံးအဖြစ် (50.43) ထိ ရရှိထားပါတယ်။