အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးအသင်း ဘာကမ်းလှမ်းမှုတွေ ရခဲ့တာလဲ

ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတော့ အသင်းရဲ့ ကစားသမား အချို့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးပါဝင်တဲ့ ကမ်းလှမ်းခံရမှုကတော့ ဖောရက်စ်ဘက်က အသက် ၂၅ နှစ်အရွယ် ဂိုးသမား ကလယ်ဟာအတွက် တရားဝင် ကမ်းလှမ်းမှု ပေးခဲ့တာပါ။ ဒါပေမယ့် ၎င်းတို့ပေးတဲ့ ပေါင် ၁၅ သန်းဟာ လီဗာပူးလိုချင်တဲ့ ပမာဏထိ မရောက်ခဲ့ပါဘူး။

အသင်းဘက်ကတော့ အယ်လီဆန်ရဲ့ အရန်အဖြစ် ဖလားပွဲတွေမှာ ပွဲထွက်နေပြီး လီဗာပူးအသင်းအတွက် ကာရာဘောင်းဖလား အောင်မြင်စေခဲ့တဲ့ ဂိုးသမားလေးကို ရောင်းမထုတ်လိုခဲ့ပါဘူး။ သူ့ကို ခေါ်ယူလိုရင် အသင်းကို ပေါင် သန်း ၂၀ လောက်ရှိမယ့် ကမ်းလှမ်းမှု ပေးရမှာပါ။

ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခြင်းကြောင့် ကလယ်ဟာကို ရာသီကုန်ထိ ဆက်ထိန်းနိုင်ခဲ့ပါတယ်။

စျေးကွက် နောက်ဆုံးအချိန်မှာပဲ ဘော်ဘီကလက်ကိုလည်း အောက်တန်းလိဂ်ကလပ် အချို့က ရာသီကုန်ထိ အငှားခေါ်ယူလိုခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူရဲ့ အခြေအနေက နွေတုန်းကနဲ့ မတူတော့ပါဘူး။

ရာသီကုန်ထိ သူ့ကို စီနီယာအသင်းနဲ့ တွဲပေးထားလိုတာကြောင့် ကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က ငြင်းဆန်သွားခဲ့ပါတယ်။ စီနီယာလူစာရင်းထဲ မပါတဲ့ အချို့သော လူငယ်တွေကတော့ အငှားထွက်တာမျိုးတွေ ရှိခဲ့ပါတယ်။