ဒီအပတ် ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက ကလော့ပ်ရဲ့ အသင်းကို ရင်ဆိုင်ရာမှာ ၃ မှတ်အပြည့် ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။
၎င်းကတော့ အာဆင်နယ်ဟာ ဒီရာသီ အသင်းကြီးတွေကို အနိုင်ယူပြထားပြီမို့ လီဗာပူးကိုလည်း အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ဆိုလာပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ ၅ မှတ်အကွာ တတိယနေရာက ရှိနေပါတယ်။
အာတီတာက ” ဒီရာသီ ကျနော်တို့က အသင်းကြီးတွေကို အနိုင်ယူထားပါတယ်။ အခု လီဗာပူးကိုလည်း အနိုင်ယူပြီး ပိုကောင်းတဲ့ နေရာကို ရောက်ဖို့ အခွင့်အရေးကောင်းပါ။
ကျနော်တို့ ပြီးခဲ့တဲ့ ၂ ပွဲကို နိုင်ထားတယ်၊ ဒီပွဲကို ထပ်နိုင်ချင်ပါတယ်။ အထူးသဖြင့် အိမ်ကွင်း ပရိသတ်တွေ ရှေ့မှာပေါ့။ သိပ်ကောင်းတဲ့ အားပေးမှုတွေ ရှိနေမှာပါ။ ဒါကို ကျနော်တို့ လိုပါတယ်။
လူတိုင်းလည်း အဲ့လိုလုပ်ပေးဖို့ တိုက်တွန်းပါတယ်။ ဘောလုံးတိုင်းကို ကျနော်တို့ အနိုင်ရအောင် လုပ်ရပါမယ်။ အဲ့လိုလုပ်နိုင်ရင် ဒီပွဲကို အနိုင်ရဖို့ အခွင့်အရေးကြီးတွေ ရှိနေပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။
ဒီပွဲဟာ အသင်းရဲ့ ဆုဖလား ပြိုင်ဆိုင်မှုမှာ အရေးပါတဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ယူနိုင်ရင် အာဆင်နယ်ကို ချန်ပီယံပြိုင်ဆိုင်မှုကနေ ဖယ်ထုတ်နိုင်မှာဖြစ်တာမို့ နည်းပြနဲ့ အသင်းသားတွေ အားထည့်လာဖို့ ရှိနေပါတယ်။