အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် လန်ဒန်ခရီးကို အသင်းနဲ့အတူ ဆိုဘိုစလိုင် လိုက်ပါခဲ့ခြင်း မရှိပါဘူး။ သီယေဂိုတော့ ပါဝင်သွားပါတယ်။
အာဆင်နယ်ကစားသမားတွေဟာ လီဗာပူးနဲ့ပွဲကြို လေ့ကျင့်ရေးကို အမ်းမရိတ်ကွင်းမှာ ပြုလုပ်ခဲ့ကာ ဒီပွဲအတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။
ချယ်ဆီးပွဲကြိုမှာ အသင်းရဲ့ လာဘ်ကောင်လေးတွေကို ဗန်ဒိုက်ရဲ့ ဂရုစိုက်ပေးမှုဟာ လီဗာပူးအသင်းရဲ့ မိသားစုဆန်မှု၊ ခေါင်းဆောင်ပီသမှုကို ကိုယ်စားပြုကြောင်း ဘောလုံးပရိသတ်တွေ ချီးကျူးနေကြပါတယ်။ တူညီတဲ့ပွဲမှာပဲ ချယ်ဆီးအသင်းရဲ့ လာဘ်ကောင်းလေးဟာ ကွင်းထဲ တစ်ဦးထဲ ရပ်နေခဲ့ရမှုနဲ့ နှိုင်းယှဉ်နေကြပါတယ်။
Virgil Van Dijk having a kick about with the mascots pre game ♥️
What an experience for these kids I'm definitely not jealous 🥲😂 pic.twitter.com/UfDq9jP3gU
— Anything Liverpool (@AnythingLFC_) February 2, 2024
တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က လှုပ်ရှားနေကာ သဘောတူညီမှု ရဖို့ နီးစပ်နေပါပြီ။ ဘာပေဟာ လီဗာပူးအသင်းနဲ့လည်း ကာလရှည် အပြောင်းအရွှေ့ သတင်းတွေ ထွက်နေခဲ့ပေမယ့် မကြာခင်မှာတော့ ပြီးဆုံးတော့မှာပါ။
လီဗာပူးအသင်းရဲ့ နည်းစနစ်ပိုင်း စိစစ်မှုအဖွဲ့ဟာ အတော်လေး အရည်အချင်းရှိကြောင်းကို LFC TV မှာ အသင်းရဲ့ နည်းစနစ် ကောက်နှုတ်ချက်တွေကို ၎င်းတို့ရဲ့ သရုပ်ခွဲပြမှုတွေကြောင့်ပဲ ချီးကျူးခံရမှုတွေ ရှိနေပါတယ်။
လီဗာပူးအသင်းဟာ ရာသီကုန်ရင် ကလပ်ရဲ့ မှတ်တမ်းရုပ်ရှင် စီးရီးကို ထုတ်လွှင့်ပြသဖို့ အမေရိကန်ရုပ်ရှင်အဖွဲ့ ကြီး တစ်ခုထံ ရောင်းချတော့မှာပါ။
Netflix နဲ့ Amazon တို့ကတော့ အဝတ်လဲခန်းတွင်း ရုပ်သံပြကွက်တွေ မပါခြင်းကြောင့် ဝယ်ယူဖို့ ငြင်းဆန်ခြင်းနဲ့အတူ Disney+ နဲ့ စကားပြောနေကာ ဝယ်ယူဖွယ် ရှိနေပါတယ်။
ညာအစွန်လူ ဘရတ်ဒလေရဲ့ ဖခင်ဖြစ်သူဟာ ကာလရှည် အဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် အသင်းဘက်က ဝမ်းနည်းကြောင်း သတင်း ထုတ်ပြန်ပါတယ်။
လီဗာပူးပိုင်ရှင်အဖွဲ့ FSG ဟာ သူတို့ရဲ့ အုပ်ချုပ်ရေးထဲမှာ အမေရိကန် ဉာဏ်ကြီးရှင် ခေါင်းဆောင် တစ်ဦးအဖြစ် လူသိများတဲ့ Theo Epstein ကို အကြံပေးအဖြစ် ခေါ်ယူခဲ့ပါတယ်။