ဗန်ဒိုက်က အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ ပွဲအလှည့်အပြောင်း ဖြစ်စေတဲ့ ဒုတိယဂိုးဟာ သူ့အမှားကြောင့် ပေးလိုက်ရတာဖြစ်ကြောင်း အသင်းပရိသတ်တွေကို တောင်းပန်သွားပါတယ်။
မာတင်နယ်လီနဲ့ ဘောလုံး ယှဉ်လုရာမှာ သူ ရွေးချယ်မှု မှားခဲ့တာကြောင့် အယ်လီဆန်နဲ့ တိုက်မိခဲ့ပြီး ဂိုးသမားက ဘောလုံးကို ကာကွယ်ဖို့ အခွင့်အရေး မရခဲ့တာပါလို့ ဗန်ဒိုက်က ထုတ်ဖော် ပြောဆိုပါသေးတယ်။
ဒီရှုံးပွဲအတွက် သူ့ကိုပဲ အပြစ်တင်ကြဖို့ကိုလည်း ဗန်ဒို်က်က
“ ခက်ခဲတဲ့နေ့ပါပဲ။ ၂-၁ ဖြစ်သွားတာ ကျနော်ကြောင့်ပါ။ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ရပ်အတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ ကျနော် ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တယ်။ ပိုကောင်းတဲ့ ဆုံးဖြတ်ချက် လုပ်ခဲ့သင့်ပါတယ်။
ဒီရလဒ်ကို နာကျင်ရပါတယ်။ ကျနော် အတော်လေး ရင်နာတယ်။ တစ်သင်းလုံးလည်း နာကျင်ရပါတယ်။ အထူးသဖြင့် ကျနော်ပေါ့။ ပွဲရဲ့ အလှည့်အပြောင်းဖြစ်စေတဲ့ ကိစ္စမှာ အမှားလုပ်ခဲ့မိတယ်။ အထူးသဖြင့် ဒုတိယပိုင်းကို ကောင်းကောင်း ပြန်ကစားလာနိုင်ချိန်မှာပေါ့။
ဒီလိုကိစ္စတွေ ကျနော် ကစားသမားဘဝမှာ အများကြီးဖြစ်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ အတော်လေး နာကျင်ရတယ်။ ဒီအခြေအနေကနေ ပြန်လာနိုင်အောင် ကြိုးစားမှာပါ။ ဒီပွဲအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။
ကျနော် ပြန်ကြိုးစားပါမယ်။ ဒီလိုကိစ္စ ထပ်မဖြစ်စေရပါဘူး။ စနေနေ့ကျရင် ရလဒ်ကောင်း ပြန်ယူဖို့ရာ နောက်ထပ် အခွင့်အရေးရှိပါတယ် ” လို့ ပြောဆိုသွားပါတယ်။