လီဗာပူး ကို နိုင်သွားတာက အာဆင်နယ် ဆိုပေမယ့် အပျော်ဆုံး ဖြစ်နေမယ့် တတိယလူ ရှိနေပါတယ်

မနေ့ညက အမ်းမရိတ်မှာ အာဆင်နယ် အသင်းဟာ ဇယားထိပ်က လီဗာပူးကို အနိုင်ယူနိုင်လိုက်ပြီး အသည်းအသန် အောင်ပွဲတွေ ခံခဲ့ပေမယ့် တကယ့် တကယ် ဒီပွဲရလဒ် အပေါ် အပျော်ရွှင်ဆုံး ဖြစ်နေမယ့် တတိယလူ ရှိတယ် လို့ ကာရေဂါကြီးက ထောက်ပြသွားခဲ့ပါတယ်။

အာဆင်နယ် နိုင်ပွဲ အပေါ် မန်ချက်စတာ စီးတီးက အကျေနပ် အပျော်ရွှင်ဆုံး ဖြစ်နေမယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။ ဒီပွဲ ရလဒ်ကြောင့် အားသာချက် ရှိသွားတာက မန်စီးတီး ဖြစ်ကြောင်းကို အခုလို ထောက်ပြခဲ့ပါတယ်။

” အာဆင်နယ်က ချန်ပီယံ ပြေးလမ်းထဲကို ပြန်ဝင်လာပါပြီ။ ဒါပေမယ့် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပွဲ ရလဒ်က အာဆင်နယ် အတွက် ထက် မန်စီးတီး အသင်းအတွက် ပိုကျေနပ်စရာ ရလဒ် ဖြစ်သွားတယ်။

အာဆင်နယ်က နိုင်သွားတာလေကွာ လို့ ခင်ဗျားတို့က ငြင်းချင်ကြမယ်။ အာဆင်နယ် နိုင်သာ နိုင်သာသွားတယ်။ လီဗာပူး က ထိထိရောက်ရောက် လုပ်ပြနိုင်ခဲ့တာတွေ တွေ့ခဲ့ရတယ်။

မန်ချက်စတာ စီးတီး အတွက်တော့ အမှတ်ပေးဖလား လုပွဲမှာ လီဗာပူးက ပိုကြီးတဲ့ အန္တရာယ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လီဗာပူးက ချန်ပီယံ ဖြစ်ဖူးသလို အဲဒီ ကစားသမားတွေက အခုထိ ကစားနေသေးတယ်။ ဒါကြောင့် ဒီပွဲ ရလဒ်မှာ အမြတ် အထွက်ဆုံးက မန်စီးတီးပါပဲ။ ” လို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။

လီဗာပူးက အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပြီး နှစ်မှတ် အကွာကနေ အာဆင်နယ်က ဒုတိယ လိုက်နေပါတယ်။ မန်စီးတီးဟာ တတိယနေရာမှာ ရှိနေသည့်တိုင် ပွဲကျန် နှစ်ပွဲ ရှိနေတာကြောင့် အားလုံးကို ကျော်ဖြတ်သွားနိုင်ခြေ ရှိနေပါတယ်။