

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၁ ပွဲကို အနိုင်ရအပြီးမှာ မန်စီးတီးဟာ လီဗာပူးနောက် ၂ မှတ်အကွာက ကပ်လိုက်လာပါပြီ။ နောက်ထပ် ပွဲကျန်ကို အနိုင်ရမယ်ဆိုရင် သူတို့ဟာ ဇယားထိပ်ဆုံးကို လွဲယူသွားမှာ ဖြစ်ပါတယ်။
မိုဆာလာဟာ ကြံ့ခိုင်မှုပိုင်းအတွက် သူ လေ့ကျင့်နေတဲ့ ပုံရိပ်ကို လူမှုကွန်ယက်ကနေ ဖော်ပြသွားပါတယ်။
အာဆင်နယ်ပွဲကြိုမှာ ဒဏ်ရာရသွားတဲ့ ဆိုဘိုစလိုင်ဟာ ဒီအပတ် ဘန်လေပွဲမှာ ပါဝင်နိုင်မလား မသိရသေးပါဘူး။ သူ့ရဲ့ ဒဏ်ရာဟောင်း ပြန်ပေါ်ခဲ့တာလို့ သိထားရပါတယ်။
ဒီအပတ် ဘန်လေနဲ့ပွဲမှာ ကွင်းလယ်လူ အန်ဒို လီဗာပူးအသင်းနဲ့ ပြန်ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။
နည်းပြကလော့ပ်ကတော့ အာဆင်နယ်ကို ရှုံးလိုက်လို့ တုန့်လှုပ်နေမှာ မဟုတ်ကြောင်းနဲ့ ဒီအပတ်ပွဲရလဒ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံနေရာကို အဆုံးအဖြတ် မပေးနိုင်သေးပါဘူးလို့ ဆိုပါတယ်။
ခံစစ်မှူး ကိုနတေးဟာ အာဆင်နယ်ပွဲမှာ ရခဲ့တဲ့ နှစ်ဝါ တစ်နီ ပြစ်ဒဏ်ကြောင့် ဒီအပတ် ဘန်လေနဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ပွဲမှာ လီဗာပူးအသင်းဟာ ဒီရာသီ ပြိုင်ဘက်အသင်းကို အမြင့်ဆုံး xG ခွင့်ပြုခဲ့ရခြင်း ဖြစ်သလို ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းဆုံး လုပ်နိုင်ခဲ့တာပါ။ အသင်းရဲ့ ကစားကွက်ဟာ လုံးလုံးလျာလျာ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်မန်နေဂျာ အာတီတာဟာ လီဗာပူးအသင်းကို အနိုင်ရအပြီး ကလော့ပ်ရဲ့ လက်သီးထိုး အောင်ပွဲခံမှု ပုံစံကို တုပကာ အောင်ပွဲခံခဲ့ပါတယ်။
တိုက်စစ်မှူး မာတင်နယ်လီက လီဗာပူးရဲ့ ညာခြမ်းဟာ ခံစစ်ပိုင်း မကောင်းမွန်တာကြောင့် သူတို့ ထိုးဖောက်လို့ရမယ့် နေရာဆိုတာ သိထားခဲ့ကြောင်း ထုတ်ပြောသွားပါတယ်။
အာဆင်နယ်ကို ပြတ်ပြတ်သားသား ရှုံးနိမ့်အပြီး နည်းပြကလော့ပ်ရဲ့ အင်တာဗျူးအတွင်း တည်ငြိမ်မှုကို ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက ချီးကျူးပါတယ်။ ဒါဟာ လီဗာပူးအသင်းက ရလဒ်ဆိုးကို တုန့်ပြန်ဖို့ အတွေ့အကြုံရင့် နည်းပြအဖွဲ့ကို ပိုင်ဆိုင်ထားကြောင်း မြင်သာစေတယ်လို့ သူက ပြောပါတယ်။
ဒီအပတ် ဘန်လေနဲ့ပွဲမှာတော့ အန်ဖီးကွင်းဟာ ပရိသတ် ၆၀၀၀၀ ထိကို ဝင်ရောက်ခွင့် ပေးတော့မှာပါ။