ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် လီဗာပူးအသင်းက ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ချယ်ဆီးနည်းပြ ပိုချက်တီနိုက လီဗာပူးအသင်း အာဆင်နယ်ကို ဂိုးပြတ်ရှုံးတာကို ဘာမှ မပြောကြဘဲ သူ့ကိုတော့ အင်္ဂလန်မီဒီယာတွေက ဝေဖန်နေကြတယ်လို့ ထုတ်ပြောလာပါတယ်။
Al-Ittihad အသင်းဟာ မိုဆာလာကို ပြည်တွင်း ပြိုင်ဘက် Al-Hilal နဲ့အပြိုင် ချိတ်ဆက်ဖို့ ပြင်ဆင်နေပြီး ၎င်းတို့ပေးမယ့် ယူရို သန်း ၁၅၀ ကို ကျော်လွန်ကာ ပြောင်းရွှေ့ကြေး ယူရို ၂၃၅ သန်း ပေးဖို့ ပြင်ဆင်နေပါတယ်။
လီဗာပူးအသင်းဟာ နည်းပြနေရာအတွက် အလွန်ဆိုကိုပဲ ဦးစားပေး ချိတ်ဆက်မယ်လို့ အသံထွက်နေပါတယ်။
လာမယ့်ပွဲတွေအတွက် ကွင်းလယ် ရွေးချယ်ရာမှာ အန်ဒိုကို နံပါတ် ၆ နေရာထားပြီး သီယေဂို၊ မာကာတို့ဖြင့် တွဲဘက်ပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
ကလော့ပ်နဲ့ အလွန်ဆိုတို့ရဲ့ နည်းစနစ်တွေဟာ ကောင်တာ၊ ပိုင်ဆိုင်မှု၊ တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်း ကစားဟန်တွေမှာ နီးနီးစပ်စပ် တူညီကြပြီး လေဗာကူဆင်က ရုပ်ပိုင်းဆို်င်ရာ အားသန်မှုကို အားပြုကာ လီဗာပူးက ဖိအားပေးခြင်းကို အားပြုတယ်လို့ နှိုင်းယှဉ်မှုတွေ ရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ လီဗာပူးကနေ ထွက်ခွာပြီးရင် ၁ နှစ် အနားယူမယ် ကြေညာထားတဲ့ နည်းပြကလော့ပ်ကို စကားပြောကြည့်ဖို့ စီစဉ်နေပါပြီ။
ဒဏ်ရာရနေတဲ့ ကွင်းလယ်လူ ဆိုဘိုစလိုင်ဟာ ဒီအပတ်ထဲမှာတင် လီဗာပူးအသင်း လေ့ကျင့်ရေးကွင်းထဲ ပြန်ရောက်လာမယ်လို့ ဟန်ဂေရီလူမျိုး သတင်းထောက် Bence Bocsák က ဆိုပါတယ်။