အာဆင်နယ်ကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြကလော့ပ်ဟာ ညာခြမ်း တြိဂံအတွဲကို အတော်လေး သဘောမကျကြောင်းကို ထုတ်ပြောခဲ့ပါတယ်။
ဆာလာ ဒဏ်ရာရနေသလို ဆိုဘိုစလိုင်ကလည်း ဒဏ်ရာ ပြန်ရသွားတာမို့ နည်းပြကလော့ပ်ဟာ ညာခြမ်းမှာ ဂက်ပိုကို တိုက်စစ်တင်ပြီး ဂရာဗင်ဘက်ချ်ကို ညာခြမ်း ရွေ့ပြီး သုံးခဲ့ရပါတယ်။ ခံစစ်မှာတော့ ဖခင် ကွယ်လွန်မှုကြောင့် စိတ်ထိခိုက်နေတဲ့ ဘရတ်ဒလေ အစား ဒဏ်ရာက သက်သာလာစ ထရန့်ကို သုံးခဲ့ပါတယ်။
ဒီညာခြမ်းအတွဲဟာ အာဆင်နယ်ပွဲမှာ အတော်လေးကို အလုပ်မဖြစ်ခဲ့ပါဘူး။ ဂရာဗင်ဘက်ချ်ဆိုရင် ဘောလုံးကို ၂၄ ကြိမ်ပဲ ထိခဲ့ပြီး ပေးချက် ၁၂ ကြိမ်ပဲ အောင်မြင်ခဲ့ပါတယ်။ သူအပြင် ဂက်ပိုကလည်း ဖိအားပေးမှုတွေမှာ ချိန်သားကိုက် လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
အာဆင်နယ်ရဲ့ အဖွင့်ဂိုးဟာ လီဗာပူး ညာခြမ်းကနေ စတင်ခဲ့ခြင်းဖြစ်ကာ တိုက်စစ်က ဂက်ပိုနဲ့ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်တို့ ဘောလုံး ဖိအားပေး လုယူပုံဟာ ဝန်ကျေတန်းကျေ ဆန်ခဲ့ပါတယ်။
Such an awful look for Gravenberch… pic.twitter.com/LIa5buNehk
— FUTARI⚽️ (@futarii1) February 6, 2024
နည်းပြကလော့ပ်ကတော့ “ အာဆင်နယ်က အစကောင်းခဲ့ပါတယ်။ ကျနော်တို့ကတော့ ဘောလုံးကို လုံလုံလောက်လောက် မကစားနိုင်ပါဘူး။ အချင်းချင်း တွဲကစားဖို့ အားနည်းခဲ့တယ်။ ပွဲစတည်းက ညာခြမ်း တြိဂံအတွဲဟာ လုံလောက်အောင် အားမထုတ်နိုင်ခဲ့ပါဘူး။
မာကာနဲ့ ကာတစ်က သူတို့ လူကပ်ထားတာတွေကနေ ခွာပြီး နောက်ပဲ ပြန်လှည့်နေခဲ့ရတယ်။ ထရန့်ကို ပိုရှာတွေ့ဖို့ လိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့တာတွေကပဲ ကျနော်တို့ကို ပြဿနာတွေ ဖြစ်စေခဲ့ပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။
Jurgen Klopp fuming at Ryan Gravenberch due to his lack of pressing in the lead up to Arsenal’s 1st goal.
Don’t blame Klopp, almost like we had non-existent pressing in periods of the 1st half. 🔴 #LFC pic.twitter.com/3Q8jbAauAp
— Charlie⚜️ (@CharlieeLFC) February 6, 2024
ပွဲအပြီး ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေမှာဆိုရင် ကလော့ပ်ဟာ တိုက်စစ်မှာ ဖိအားပေးဖို့ ချိန်သားကိုက် မလုပ်ခဲ့တဲ့ ဂက်ပိုနဲ့ ဂရာဗင်ဘက်ချ်တို့ကို အကြီးအကျယ် ဒေါသထွက်နေခဲ့တာကို မြင်ခဲ့ရပါတယ်။
အခြားတစ်ဘက်မှာတော့ ဒီရာသီ လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၄ ပွဲ ရှိထားခဲ့ပြီး ထူးခြားမှုကတော့ အဆိုပါ ၄ ပွဲလုံးမှာ ဒါဝင်က ပွဲထွက်ကနေ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဆုံးသတ်ပိုင်း ညံ့ဖျင်းပေမယ့်လို့ ဒါဝင်ဟာ တိုက်စစ်မှာ နေရာယူ ကောင်းမွန်ပြီး တိုးအားကောင်းကောင်းဖြင့် ကစားနိုင်စွမ်း ရှိပါတယ်။
အာဆင်နယ်ပွဲမှာတော့ ဒဏ်ရာကြောင့် အရန်ခုံထိုင်နေခဲ့ရတဲ့ ဒါဝင် လူစားဝင်လာပြီးနောက်မှ အာဆင်နယ်တို့ ၂ ဂိုး ထပ်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲစကတည်းက နစ်မြုပ်နေတဲ့ အသင်းရဲ့ ကစားကွက် ပြန်တက်လာအောင်တော့ ဒါဝင်လည်း မကူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။