

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်နိုင်နေဆဲ ဘရန့်ဖိုဒ့်ကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲဟာ အသင်းအတွက ၃ ပွဲဆက် အိမ်ကွင်းပွဲ နောက်ဆုံးပွဲပဲ ဖြစ်ပါတယ်။
Team news
- ဒီပွဲမှာ ကြံ့ခိုင်မှုပိုင်း စစ်ဆေးရမှာမို့ ဟန်ဒါဆန် ပါနိုင်ဖို့ မသေချာပါဘူး။
- ဂျိုတာကလည်း ဒီတစ်ပတ်လုံး ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရတာမို့ ပွဲထွက်လူစာရင်းမှာ မပါနိုင်ပါဘူး။
- ဖာမင်နိုက နောက်အပတ်မှာ လေ့ကျင့်ရေး ပြန်ဝင်ပါမယ်။
- ခွဲစိတ်မှု ဝင်ရမှာမို့ သီယေဂို ရာသီကုန်ထိ လွဲပြီဖြစ်ပါတယ်။
Liverpool’s XI vs. Brentford
လီဗာပူးအသင်းရဲ့ ခံစစ်ကြောင်းမှာ ကြံ့ခိုင်မှုဆိုင်ရာ ဘာပြဿနာမှ အသစ်မရှိပါဘူး။ ဒါကြောင့် ဂိုးသမားနေရာ အယ်လီဆန် ပွဲထွက်ပြီး ရိုဘိုက သူ့နေရာကို ပြန်ယူကာ ထရန့်၊ ဗန်ဒိုက်၊ ကိုနတေးတို့ပါမယ့် ခံစစ်တန်းပဲ ဖြစ်လာပါလိမ့်မယ်။
ကွင်းလယ်မှာတော့ လူငယ်ကြယ်ပွင့်တွေကို ဖာဘင်ညိုနဲ့ ပေါင်းစပ်ပေးပါမယ်။ သီယေဂို မပါနိုင်ဘူး၊ ဟန်ဒို မပါနိုင်ပါဘူး။ ဂျုံးနဲ့ ဟာဗေးတို့ နေရာရမှာဖြစ်ပြီး လူစားဝင် ကစားသမားအဖြစ် မီလ်နာ ရှိပါလိမ့်မယ်။ လီဗာပူးအသင်း နိုင်ပွဲရနေပေမယ့် ကွင်းလယ်ကတော့ ပြန်ဖွဲ့စည်းဖို့ လိုအပ်နေပြီး ဂျုံးနဲ့ ဟာဗေးဟာ ရာသီကုန်ထိ ဆက်လက် နေရာရလာဖို့ ရှိပါတယ်။
တိုက်စစ်မှာတော့ ဒီပွဲမှာ ဂက်ပို ပြန်ပါလာကာ ဒီယက်စ်၊ ဆာလာတို့နဲ့ တွဲဘက်မယ်လို့ ယူဆရပါတယ်။ ဒါဝင်က ကြံ့ခိုင်မှု ကောင်းနေပေမယ့် ယုံကြည်မှု အနည်းငယ် ကျဆင်းနေသလို အသင်းဖော်တွေနဲ့ တွဲဘက်ရာမှာ သိပ်ပြီး အားရစရာ မရှိပါဘူး။ ဖူလ်ဟမ်ပွဲမှာ ထရန့်နဲ့သူ အတွဲမမိခဲ့တာမျိုး မြင်ထားရတယ်။
ကလော့ပ်က တစ်ပွဲသုံးလိုက် နောက်ပွဲ မသုံးလိုက် လုပ်ခဲတာကိုတော့ သတိပြုရမှာဖြစ်ပြီး ဒီယက်စ်၊ ဒါဝင်၊ ဆာလာ တိုက်စစ်အတွဲ ဖြစ်မလာနိုင်တာတော့ မဟုတ်ပါဘူး။