လီဗာပူးအသင်းက နည်းပြသစ် ရာထူးအတွက် အလွန်ဆိုကို ချိတ်ဆက်ပေမယ့် စပိန်သားဟာ ရာသီမကုန်ခင်ထိ စကားပြောမှု မလုပ်လိုသေးပါဘူး။
ကွင်းလယ်လူ ဝါတာရုဟာ အက်ဆာလေ့ကျင့်ရေးကို ပြန်ရောက်လာပါပြီ။ ဒဏ်ရာ ပြဿနာ မရှိတာမို့ ဒီအပတ် ဘန်လေပွဲက စတင်ပြီး ပွဲထွက်နေရာအတွက် ယှဉ်ပြိုင်ပေးနိုင်မယ်လို့ သိရပါတယ်။
ESPN ကတော့ ဒီရာသီမှာ လီဗာပူးအသင်းဟာ VAR ကြောင့် အနစ်နာဆုံး အသင်းဖြစ်ပြီး ဆုံးဖြတ်ချက် အမှား ၄ ခုကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထရန့်က ဒီရာသီ အသင်း ယှဉ်ပြိုင်နေတဲ့ ဆုဖလား ပြိုင်ပွဲတိုင်းကို အောင်မြင်လိုကြောင်း CNN နဲ့ အင်တာဗျူးမှာ ထည့်ပြောသွားပါတယ်။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အလွန်ဆို တစ်ဦးတည်းအပေါ်မှာ မျှော်လင့်ချက် ပုံအပ်ထားမှာ မဟုတ်ဘဲ စပို့တင်း နည်းပြ အာမိုရင်းကိုလည်း အတော်လေး သဘောကျမှု ရှိထားပါတယ်။
အယ်လီဆန်၊ ထရန့်နဲ့ ဗန်ဒိုက်တို့ဟာ ဒီရာသီမှာ လီဗာပူးအသင်းကို တောက်လျှောက် ကယ်တင်လာခဲ့ကြပြီး တစ်ပွဲတစ်လေ ခြေစွမ်းမကောင်းတာနဲ့ ကစားသမားတွေရဲ့ ယုံကြည်မှု ပျက်ပြားတဲ့ထိ ဝေဖန်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးအသင်းရဲ့ စောင့်ကြည့် စာရင်းထဲ ပါဝင်နေတဲ့ ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က သူဟာ ရည်မှန်းချက်ကြီး ရှိသူတစ်ဦးဖြစ်ကြောင်း တုန့်ပြန်လာပါတယ်။
မာဆေးဆိုဒ် ဒါဘီပွဲ ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ ပွဲစဉ်ဟာ ပွဲကစားရမယ့် ရက်စွဲမရ ဖြစ်နေတာကြောင့် ရာသီ အပိတ်ပွဲအဖြစ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။