သူဟာ ရည်မှန်းချက်ကြီးသူပါလို့ ထုတ်ပြောလာတဲ့ ပရီးမီးယားလိဂ် နည်းပြနဲ့ လီဗာပူး သဘောကျနေတဲ့ ၃၉ နှစ်သား

လီဗာပူးအသင်းဟာ နည်းပြကလော့ပ် နေရာ ရေရှည် အစားထိုးဖို့ ရှာဖွေရာမှာ အလွန်ဆို တစ်ဦးတည်းကိုပဲ ကြိုးစားသွားမှာ မဟုတ်ပါဘူး။

စပို့တင်းနည်းပြ ရူဘန် အာမိုရင်းဟာလည်း လီဗာပူးအသင်း ဒေတာဌာနက သဘောကျနေတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီသားဟာ သူ့အနာဂတ်ကိုတော့ နွေကျမှ ဆုံးဖြတ်မှု ပြုလုပ်မှာပါ။

သတင်းထောက် Gianluigi Longari ရဲ့ အဆိုအရ အာမိုရင်းဟာ ကလော့ပ် နေရာ အစားထိုးဖို့ လီဗာပူး အကြီးအကဲတွေ သဘောကျနေသူထဲက တစ်ဦးလို့ သိထားရတယ်။ ၂၀၂၀ မှာ နည်းပြလောကထဲ စဝင်လာခဲ့တဲ့ အာမိုရင်းဟာ သူ့ရဲ့ ဒုတိယမြောက် အမှတ်ပေးဖလားကို ဒီရာသီ အောင်မြင်ဖို့ ကြိုးစားနေပါတယ်။

အာမိုရင်းနည်းတူ လီဗာပူး သဘောကျတဲ့ နောက်ထပ် နည်းပြကတော့ အသက် ၅၀ အရွယ် ဒိန်းမတ်နည်းပြ သောမက်စ် ဖရန့်ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်အသင်း နည်းပြကတော့ အနာဂတ်အကြောင်း အတိအကျ ထုတ်မပြောသေးပေမယ့် သူဟာ ရည်မှန်းချက်ကြီးသူ တစ်ဦးဖြစ်ကြောင်း အသိပေးလာပါတယ်။

“ အခြေအနေတွေကို ကျနော်လည်း နားစွင့်နေပါတယ်။ ဇာဗီနဲ့ ကလော့ပ်တို့ ထွက်ခွာကြတော့မယ့် သတင်းကို ကျနော်လည်း ကြားမိပါတယ်။ နှစ်သင်းလုံးက ထိပ်တန်း နည်းပြတွေနဲ့အတူ အကောင်းဆုံး လုပ်ထားနိုင်ကြတာပါ။

ကျနော်က ဘရန့်ဖိုဒ့်မှာပဲ ပျော်နေပါတယ်။ ပြောခဲ့သလိုပဲ ကျနော်ရဲ့ ရည်မှန်းချက်ကို အကောင်အထည့်ဖော်နိုင်ဖို့ရာ အခွင့်အရေးကိုလည်း စောင့်ဆိုင်းနေပါတယ်။ ကျနော်က ရည်မှန်းချက်ကြီးသူ တစ်ဦး ဖြစ်ပါတယ်။ ဒီရာသီကိုလည်း အတောင့်တင်းဆုံး ပုံစံနဲ့ ရာသီသိမ်းလိုပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။