ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ရော်ဘတ်ဆန်က ဘယ်ခြမ်းနေရာမှာ နေရာပြိုင်ဆိုင်ရမယ့် ဂိုးမက်စ်နဲ့ ပတ်သက်လို့ သတိပေးစကား ပြောဆိုပါတယ်။
သူ သတိပေးလိုက်တာက နေရာပြိုင်ဆိုင်တာထက် အသင်းအတွက် ပွဲပေါင်း ၂၀၀ ကစားထားပြီး အခုချိန်ထိ ဂိုးမသွင်းနိုင်သေးတဲ့ ဂိုးမက်စ်ရဲ့ အဝေးကန်ချက်တွေဖြင့် အရမ်း အားထုတ် ကြိုးစားနေမှုကို ဖြစ်ပါတယ်။
ဒီတလောမှာ ဂိုးမက်စ်ဟာ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ အားထုတ်နေပြီး သူ့ရဲ့ ပြင်းထန်တဲ့ ကန်ချက်တွေဟာ အတိတ်မှာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့ဖူးတဲ့ သူ့ကို ထိခိုက်လာစေနိုင်ပါတယ်။
Joe Gomez made his 200th appearance for the club last night.
Still no goals from the English defender, however lots of good memories.
What has been your favourite memory of Joe Gomez during his time at Liverpool? 🤔🔴#LFC pic.twitter.com/lODwCkDtWy
— TheAnfieldVault_ (@TheAnfieldVault) January 11, 2024
ရော်ဘတ်ဆန်ကပဲ ” သူ ဂိုးရဖို့ နီးနေပါပြီ။ သူ့ရဲ့ ပထမဆုံး ဂိုးကို ကိုက် ၄၀ လောက်က အပြင်းကန်သွင်းပြီး ယူပေးစရာ မလိုပါဘူးလို့ ကျနော်တို့ ဝိုင်းပြီး သတိပေးထားကြပါတယ်။
ဂိုးရလိုဇောနဲ့ ဒူး၊ ခြေကျင်းဝတ်၊ ခြေချောင်းတွေကို အဲ့လောက်ကြီး အားသုံး ကန်နေရတာက သူ့ကို နာကျင်စေပါလိမ့်မယ်။ ဒါကြောင့် အဲ့လောက် အားထည့် မကန်ဖို့ လိုပါတယ်။
အကုန်လုံးလည်း သူ ဂိုးရတာကို မြင်လိုကြပါတယ်။ အချိန်တန်ရင်တော့ ရသွားမှာပါ။ ဂိုး သွင်းနိုင်ရမယ်တော့ မဟုတ်ပေမယ့် သူ ဂိုးသွင်းနိုင်ရင်လည်း အသင်းက သူနဲ့အတူ အောင်ပွဲခံမှာပါ ” လို့ ထောက်ပြခဲ့တယ်။
ရော်ဘတ်ဆန်ကပဲ ဂိုးမက်စ်ဟာ ခံစစ်တန်း ၄ နေရာလုံးကို ကစားနိုင်တဲ့သူ ဖြစ်သလို လိုအပ်လာရင် ကွင်းလယ်ကိုပါ ပြောင်းကစားနေတာမို့ သူဟာ လီဗာပူးအတွက် အရေးပါတဲ့ ကစားသမားပါလို့ ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။