အန်ဒို လေ့ကျင့်ရေး ဝင်ပြီ၊ အလွန်ဆိုရဲ့ တပည့်ကျော်တွေကို စတင် ချိန်ရွယ်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မိုဆာလာဟာ အသင်းဖော်တွေနဲ့အတူ gym မှာ အတူလေ့ကျင့်နေပါပြီ။ ဒါပေမယ့် ဘန်လေပွဲမှာ ပါဝင်နိုင်ဖို့တော့ မသေချာသေးပါဘူး။

ဂျာမန်ဘက်က သတင်းတွေမှာတော့ အလွန်ဆိုဟာ ရာသီကုန်ရင် လီဗာပူးနည်းပြသစ် ရာထူးကို လက်ခံလိမ့်မယ်လို့ ဖော်ပြလာနေပါတယ်။

သီယေဂိုဟာ ကြွက်သား ဒဏ်ရာ ပြန်ခံစားနေရတာမို့ ဘန်လေပွဲကို လွဲချော်ပါမယ်။ ဒီပွဲမှာ ဆိုဘိုစလိုင်လည်း ပါဝင်နိုင်ဖွယ် မရှိပါဘူး။

အန်ဒိုဟာ လက်ရွေးစင်ကနေ ပြန်ရောက်လာပြီးနောက် လီဗာပူးအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပါပြီ။

ဒါဝင် နူးညက်စ်က လေ့ကျင့်ရေးမှာ no look ဂိုးတွေ သွင်းပြနေတာကြောင့် အသင်းပရိသတ်တွေကြား ပွဲကျနေပါတယ်။ အဆုံးသတ်ပိုင်း ညံ့ဖျင်းမှုအတွက် ဝေဖန်ခံနေရတဲ့ ဒါဝင်ဟာ အသင်းလေ့ကျင့်ရေးမှာ ပုံမှန် ဂိုးသွင်းလေ့ကျင့်ရေးတွေမှာတော့ ဂိုးသွင်းအား ကောင်းမွန်သူပါ။

လီဗာပူးအသင်းဟာ အလွန်ဆိုရဲ့ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်မှ ကွင်းလယ်လူ ဇူဘီမန်ဒီကို စောင့်ကြည့်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း ရှဝိုင်းစတိုင်ဂါက တစ်ရက်မှာ အလွန်ဆိုဟာ လီဗာပူး နည်းပြရာထူးကို တာဝန်ယူလိုကြောင်း သူသိထားပါတယ်လို့ ထုတ်ပြောလာပါတယ်။

စူပါကွန်ပျူတာကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေထဲမှာ မန်စီးတီးနောက် ဒုတိယနေရာက လီဗာပူးကို တွက်ချက်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ပွဲ မတိုင်ခင် ချန်ပီယံဖြစ်နိုင်ချေ ရာခိုင်နှုန်းထက်တော့ လက်ရှိမှာ ၁၅% လောက် ထိုးကျသွားပါတယ်။

အလွန်ဆို ထွက်ခွာခဲ့ရင် Florian Wirtz လို လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမား အချို့ဟာလည်း အတူ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဂျာမာန် သတင်းထောက်တွေက ဆိုလာပါတယ်။