အလွန်ဆိုရဲ့ လီဗာပူး အိပ်မက်အကြောင်း ပြောပြလာတဲ့ ရှဝိုင်းစတိုင်ဂါ

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း ရှဝိုင်းစတိုင်ဂါက သူ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဇာဗီ အလွန်ဆိုဟာ ဒီနွေမှာ လီဗာပူးအသင်းထံ ကူးပြောင်းမယ်လို့ ယုံကြည်နေပါတယ်။

ကစားသမားဘဝ လီဗာပူး၊ ရီးရဲလ်၊ ဘိုင်ယန်တို့အတွက် ကစားပေးခဲ့ဖူးတဲ့ အလွန်ဆိုဟာ မာဆေးဆိုဒ် ကလပ်နဲ့ ပတ်သက်လာရင် လေးစားမှုတွေကိုပဲ အမြဲတမ်း ပြသထားသူပါ။ သူဟာ နည်းပြလောကထဲ စဝင်လာတည်းက တစ်ရက်မှာ လီဗာပူးကို ကိုင်တွယ်လိုကြောင်းလည်း ဆိုထားဖူးပါတယ်။

ဒါကြောင့်ပဲ ရှဝိုင်းစတိုင်ဂါက ” ရှာဗီအကြောင်း ကျနော် သိပါတယ်။ တစ်ရက်မှာ လီဗာပူးအသင်းကို နည်းပြဖို့ဆိုတာ သူ့ရဲ့ အကြီးမားဆုံး အိပ်မက်ပါ။ ဒီနွေမှာ သူ လီဗာပူးအသင်းကို ပြောင်းရွှေ့သွားမယ်လို့ ကျနော် ပြောရဲပါတယ်။ ” ဆိုပြီး ဂျာမာန်သတင်းဌာန ARD ကို ပြောပါတယ်။

ဘွန်ဒက်လီဂါမှာ လေဗာကူဆင်ဟာ ဘိုင်ယန်မြူးနစ်ကို ၂ မှတ် ဖြတ်ထားပါတယ်။ ဒါပေမယ့် တတိယနေရာက စတုဂတ်ကို ၁၂ မှတ်နဲ့ စတုတ္ထနေရာက ဒေါ့မွန်ကိုတော့ ၁၅ မှတ်ထိ ဖြတ်ထားတာပါ။

သူကပဲ ဆက်လက်ပြီး ” ဖြစ်နိုင်သလောက်တော့ ဘွန်ဒက်လီဂါမှာ ခပ်ကြာကြာလေး သူဆက်ရှိနေတာမျိုး ကျနော် မြင်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘွန်ဒက်လီဂါအတွက် အရမ်း အကျိုးဖြစ်သူပါ။

လေဗာကူဆင်တာ ဒီလောက် မကောင်းဘူးဆိုရင် ဘိုင်ယန်မြူးနစ်က အမှတ်ပေးဇယားမှာ ရမှတ်တွေ အများကြီး ဖြတ်ထားနိုင်လောက်ပါပြီ။

အလွန်ဆို ရှိနေလို့ ဘိုင်ယန်က အမှတ်ပေးဇယားကို မဦးဆောင်နိုင်တာပါ။ လေဗာကူဆင် သိပ်ကောင်းနေတော့ ဖလား အပြိုင်အဆိုင် ဖြစ်နေကြပါတယ် ” လို့ ပြောပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ် နေရာ အစားထိုးဖို့ အလွန်ဆိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားတာ ဖြစ်ပါတယ်။