ဆာလာ၊ ဆိုဘို၊ သီယေဂို၊ ဘရတ်ဒလေ အပါ ဘန်လေပွဲကြို လေ့ကျင့်ရေး မဝင်နိုင်တဲ့ အသင်းသား (၇) ဦးထိ ရှိလာ

ဒီအပတ် အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ဘန်လေပွဲကြိုမှာ လီဗာပူးအသင်း လူစာရင်းဟာ တောင့်တင်းမလာဘဲ ပိုမို အားပျော့လာနေပါတယ်။

အသင်းရဲ့ လူမှုကွန်ယက်မှာ ဆာလာကို မကြာခဏ မြင်နေရပေမယ့် အသင်းလိုက် လေ့ကျင့်ရေးမှာတော့ သူပါမလာခဲ့ပါဘူး။ မိုဆာလာဟာ ဒဏ်ရာကနေ သက်သာလာပေမယ့် ဘန်လေပွဲမှာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

ဒီတလော ဆာလာမပါဘဲ ယှဉ်ပြိုင်နေရတာဖြစ်ကာ အာဆင်နယ်ကို အရေးနိမ့်တဲ့ ပွဲကတော့ အသင်းရဲ့ အဆိုးရွားဆုံး ခြေစွမ်းဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ နှစ်ဝါ တစ်နီ ထိခဲ့တဲ့ ကိုနတေးဟာ ဒီအပတ်ပွဲကို လွဲချော်ပါလိမ့်မယ်။

နည်းပြကလော့ပ်ရဲ့ သောကြာနေ့ မီဒီယာတွေ့ဆုံမှု မတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးမှာ သီယေဂို မပါနိုင်သလို ဆိုဘိုစလိုင်လည်း ဆက်လွဲခဲ့ပါတယ်။ ပိုဆိုးတာက ဘရတ်ဒလေကို မိသားစု နာရေးကြောင့် လက်လွတ်ထားရချိန် ဂိုးမက်စ်လည်း မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်နဲ့ ထရန့်တို့ ဒဏ်ရာရနေချိန် ခံစစ်ပိုင်း နေရာစုံ အားဖြည့်ပေးနေတဲ့ ဂိုးမက်စ် ဒဏ်ရာရနေသလားကတော့ မသိရသေးပါဘူး။ အခြားသော စီနီယာတွေအဖြစ် မာတစ်၊ ဘာ့ဂျ်ဆီတစ်နဲ့ ဗန်ဒုတ်တို့လည်း အသင်းလေ့ကျင့်ရေးမှာ မပါခဲ့ပါဘူး။

သို့ပေမယ့် ဘော်ဘီ ကလက်၊ မက်ကော်နယ်၊ ကိတ်ဂေါ်ဒန်၊ လူးဝစ် ကူးမက်စ်၊ ဂျေဒန် ဒန်စ့်၊ စကန်လွန်၊ နိုင်ယွန်နီနဲ့ ဂိုးသမား ကော်နယ်တို့ကတော့ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ရေး ဝင်ခဲ့ကြပါတယ်။

ဘန်လေပွဲကြို လီဗာပူး လေ့ကျင့်ရေးမှ လူစာရင်း

ဂိုးသမား – အယ်လီဆန်၊ ကလယ်ဟာ၊ အတ်ဒရီယန်၊ ကော်နယ်။

ခံစစ် – ဗန်ဒိုက်၊ ကိုနတေး၊ ကွမ်းဆက်၊ ထရန့်၊ ရော်ဘတ်ဆန်၊ ကိုစတက်၊ စကန်လွန်။

ကွင်းလယ် – မာကာ၊ ဂျုံး၊ အန်ဒို၊ ဟာဗေး၊ ဂရာဗင်ဘက်ချ်၊ မက်ကော်နယ်၊ ကလက်၊ နိုင်ယွန်နီ။

တိုက်စစ် – ဒါဝင်၊ ဂျိုတာ၊ ဒီယက်စ်၊ ဂက်ပို၊ ဂေါ်ဒန်၊ ကူးမက်စ်၊ ဒန့်စ်။