စံချိန်တင် ဝင်ခွင့်ရမယ့် အန်ဖီး၊ ဆာလာ၊ ဆိုဘိုစလိုင်၊ သီယေဂိုတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် ပရိသတ် အမြင့်ဆုံး ဝင်ဆံ့မှုအဖြစ် ဒီကနေ့ ဘန်လေပွဲမှာ ပရိသတ် ၆၀၀၀၀ ကျော် အန်ဖီးကွင်းထဲ ဝင်ကြည့်ခွင့် ရရှိပါမယ်။

သီယေဂို ဒီရာသီ ဘောလုံးပြန်ကစားကောင်း ကစားနိုင်သေးတယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောခဲ့ပြီး ဆာလာနဲ့ ဆိုဘိုကတော့ ၂ ပတ်လောက် ဆက်လက် အချိန်ယူရနိုင်ပါတယ်။

ဘောလုံးလောကရဲ့ နည်းစနစ် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ သီယေဂိုရဲ့ လီဗာပူးကစားသမားဘဝဟာ စိတ်ပျက်ဖွယ် ပုံစံဖြင့် ပြီးဆုံးခဲ့ပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးပါတယ်။

အာတီတာရဲ့ လီဗာပူး ပွဲအပြီး လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံတာဟာ လီဗာပူးအသင်း နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကလော့ပ်နဲ့အတူ အောင်ပွဲခံမှုကို ပုံတူ ကူးချမှုလို့ ခံစားမိကြောင်း ကာတစ်ဂျုံးက ဆိုပါတယ်။

မနှစ်ကရာသီ ချန်ပီယံလိဂ် ဆုကြေးမှာ လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးထက် ပေါင် သန်း ၅၀ လျော့နည်းခဲ့ပါတယ်။

ဘရတ်ဒလေဟာ ဒဏ်ရာရနေခြင်း မဟုတ်ဘဲ ဖခင် ဆုံးပါးသွားလို့ ဝမ်းနည်းနေတဲ့ သားတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာအရ အနားယူခွင့်ပေးထားခြင်းပဲ ဖြစ်ပါတယ်။

ဘန်လေပွဲအတွက် ပွဲထွက်လူစာရင်းမှာ အန်ဒိုကို ရွေးချယ်လို့ ရမှာဖြစ်ကြောင်း နည်းပြကလော့ပ် အတည်ပြုပါတယ်။

လီဗာပူးအသင်းမှာ တုပ်ကွေး ကူးစက်ခံရမှုတွေရှိနေပြီး ကစားသမားအချို့ မပါနိုင်ပါဘူး။ ဂိုးမက်စ် လေ့ကျင့်ရေးမှာ မပါခဲ့တာဟာ တုပ်ကွေးကြောင့် ဖြစ်နိုင်ပါတယ်။