ဆာလာ မပါတဲ့ တိုက်စစ်
၂၀၂၄ ခုနှစ်ထဲ စတင် ဝင်ရောက်ကတည်းက နယူးကာဆယ်ပွဲမှာ ပါဝင်ပေးခဲ့တာကလွဲရင် မိုဆာလာဟာ လီဗာပူးအတွက် ပွဲထွက်ပေးနိုင်ခြင်း မရှိပါဘူး။ အီဂျစ်အသင်းနဲ့ ပူးပေါင်းခဲ့သလို ထိုစဉ်က ရလာတဲ့ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ အားထုတ်နေရဆဲ ဖြစ်ပါတယ်။
ဆာလာ မရှိချိန်မှာ လီဗာပူးအသင်းဟာ ဂျိုတာကို အားကိုးနေရပါတယ်။ ဆာလာ မပါတဲ့ ပရီးမီးယားလိဂ် ၄ ပွဲအတွင်း ပေါ်တူဂီသားက ကိုယ်တိုင် ၄ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပါတယ်။
ဆာလာ၊ ဖာမင်နို၊ မာနေး တိုက်စစ်အတွဲနဲ့အတူ နေရာပြိုင်ဆိုင်ခဲ့ရဖူးတဲ့ ဂျိုတာဟာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ခဲ့ရပေမယ့် အခု သူကြံ့ခိုင်နေချိန်မှာ အသင်းတိုက်စစ်ကို ဦးဆောင်ပေးသူ ဖြစ်နေပါပြီ။
ဂျိုတာနည်းတူ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာနေတဲ့ ဒါဝင်ကလည်း ဘန်လေပွဲမှာ သွင်းဂိုး ၁ ဂိုး ရယူခဲ့ပါတယ်။ ပေါက်ကွဲအားကောင်းပေမယ့် အချိန်မှန် နေရာမှန်မှာ ရှိဖို့ ရုန်းကန်နေရတဲ့ ဒါဝင်ဟာ အန္တရာယ်ကြီးခြင်းနဲ့ စိတ်ပျက်ခံရခြင်းတွေ ရောသမနေတဲ့ကြားက ပရိသတ်တွေကတော့ ချစ်ခင်ကြပါတယ်။
Liverpool 3-1 Burnley #LIVEVE 🏴
(Diogo Jota 31', Luis Díaz 52', Darwin Núñez 79'– O'Shea 45')pic.twitter.com/kda62IFuEK— 𝐌𝐀𝐓𝐂𝐇 𝐃𝐀𝐘! (@TodayMatchHD) February 11, 2024
ဒီယက်ဇ်ကတော့ ဒီပွဲမှာ တစ်ဦးချင်း ကစားပုံတွေ မဆိုးလှဘဲ ခြိမ်းခြောက်မှုတွေလည်း လုပ်နိုင်ပါတယ်။ အသင်းလိုက်ဆိုရင်တော့ သူကစားသွားတာ မကောင်းပါဘူး။ ဒါဝင်၊ ဂျိုတာတို့နဲ့ ချိတ်ဆက်နိုင်စွမ်း နည်းပါးပါတယ်။ ဧရိယာထဲ ဝင်နိုင်စွမ်းနဲ့ ဂိုးရယူနိုင်စွမ်းကတော့ ချီးကျူးရပါလိမ့်မယ်။
ကလယ်ဟာ ပါဝင်လာတဲ့ ခံစစ် အပြောင်းအလဲ
အယ်လီဆန် မပါဝင်နိုင်ခြင်းနဲ့အတူ ဂိုးသမားနေရာကနေ ကလယ်ဟာ ပွဲထွက်လာခဲ့တယ်။ ပထမပိုင်းမှာ သူ့ထံက စိုးရိမ်နေမှု အချို့ကို မြင်တွေ့ခဲ့ရပြီး ခံစစ်က ဂိုးပြန်ပေးရတဲ့ အခိုက်အတန့်မှာ ကလယ်ဟာရဲ့ ဂိုးပေါက် ကာကွယ်မှုကလည်း အားနည်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ကလယ်ဟာရဲ့ ထူးချွန်တဲ့ လက်စွမ်းကို မြင်ခဲ့ရပါတယ်။ ဘန်လေဘက်က ရှင်းလင်း ပြတ်သားတဲ့ တစ်ဦးချင်း ထိုးဖောက်မှုတွေကို မယုံနိုင်ဖွယ် ကာကွယ်မှုတွေဖြင့် တားဆီးပေးခဲ့တယ်။ ကလယ်ဟာ နေရာယူ မမှန်ဘူးဆိုရင် ဘန်လေဟာ လီဗာပူးကို ၃-၃ ဖြစ်လောက်အောင် ဂိုးပြန်သွင်းနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။
ထရန့်အစား ဟာဗေး
Your #LIVBUR Player of the Match…
Well in, Harvey 💎 pic.twitter.com/r07jyfRFHW
— Liverpool FC (@LFC) February 10, 2024
ဟာဗေးဟာ ဒုတိယပိုင်းမှာ ထရန့်အစား လူစားဝင်လာပြီး အထင်ကြီးဖွယ် ခြေစွမ်းတွေ ပြသခဲ့ပါတယ်။ အသက် ၂၀ အရွယ် လီဗာပူး ကြယ်ပွင့်ဟာ ဒီရာသီ လူစားဝင်ကစားရင် ခြေစွမ်းပြနေတာ တစ်ပွဲ၊ နှစ်ပွဲ မဟုတ်တော့ပါဘူး။
အင်ပြည့်အားပြည့် ကစားပြခဲ့ပြီး ဘောလုံးပိုင်ဆိုင်ချိန်တွေမှာ ဂရုတစိုက် ကစားတာက အသင်းကစားဟန်အပေါ် သက်ရောက်မှု ရှိခဲ့တယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေက နိုင်ပွဲအတွက် အရေးပါခဲ့ပါတယ်။ အာဆင်နယ်ပွဲမှာ သူပါခဲ့ရင် အသင်းကစားပုံက ဆိုးရွားခဲ့ပါ့မလား မေးခွန်းထုတ်စရာပါပဲ။
ဆိုဘိုစလိုင် ဒဏ်ရာရနေချိန် ညာခြမ်းမှာ သူ့ကို သုံးဖို့ ဟာဗေးက ဒီပွဲခြေစွမ်းနဲ့ နည်းပြအဖွဲ့ကို သတိပေးနေခဲ့ပါပြီ။
နံပါတ် ၆ နေရာက အန်ဒို
Wataru Endo vs Burnley ⚔️🇯🇵
• 90 minutes played
• 58/66 pass accuracy (88%)
• 1 chance created
• 1 block
• 5 recoveries
• 7/14 ground duels won (50%)Glad to have you back Samurai. Absolutely bossed it today. 🇯🇵 pic.twitter.com/nuL3l9TZzS
— Laith (@LFC_MOA) February 10, 2024
အာရှဖလားက ပြန်လာတဲ့ အန်ဒိုဟာ အသင်းရဲ့ နံပါတ် ၆ နေရာကို ချက်ခြင်း တာဝန်ယူခဲ့ကာ ခြေစွမ်းကောင်းကို ပြသခဲ့ပါတယ်။ သူ့မတိုင်ခင် မာကာရဲ့ နံပါတ် ၆ နေရာက ကစားပုံကလည်း မဆိုးပေမယ့် ဒီနေရာက အန်ဒိုရဲ့ အကောင်းဆုံး နေရာပါ။
ဘောလုံးကို ဖိအားပေးပြီးတိုင်း တိုက်စစ်ကို ဖြန့်ဝေပေးဖို့ အမြင်ရှိတဲ့ အန်ဒိုကြောင့် မာကာက တိုက်စစ်ကို ပိုပြီး လိုက်ပါခွင့်ရပါတယ်။ ဒီပွဲမှာတော့ မာကာထံက အများကြီး မမြင်ခဲ့ရပါဘူး။ နေရာပြောင်းကစားရတာမို့ အသားမကျတာလည်း ဖြစ်နိုင်ပါတယ်။
ဆိုဘလိုစလိုင် ပြန်သက်သာလာရင် အန်ဒို၊ မာကာ၊ ဆိုဘို တွဲလုံးက အဓိက ကွင်းလယ်အတွဲ ဖြစ်လာနိုင်ပါတယ်။
ဒဏ်ရာ၊ အဖျားနဲ့ ပွဲပယ်
ကိုနတေး နှစ်ဝါ တစ်နီကြောင့် ပွဲပယ်ခံထားရချိန် ဂိုးမက်စ်က တုပ်ကွေးမိနေပါတယ်။ အယ်လီဆန်လည်း အလားတူ ဖျားနေတယ်လို့ ယူဆရပါတယ်။ ပွဲနေ့မှာတော့ ထရန့်ကို အသေးစား ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ဂရာဗင်ဘက်ချ်ကလည်း ဒဏ်ရာ နာကျင်မှုကြောင့် အရန်စာရင်းမှာပဲ ရှိနေခဲ့ရတာပါ။
ဆာလာ သက်သာစပြုလာနေကာ ဆိုဘိုစလိုင်ကတော့ နောက်ထပ် ၂ ပတ်မှ အခြေအနေ ထူးခြားနိုင်ပါတယ်။ ဘရတ်ဒလေကို မိသားစု ကိစ္စကြောင့် လူစာရင်းကနေ ခွင့်ပေးထားရပြီး လာမယ့်အပတ်မှာ ပြန်သက်သာလာနိုင်ပါတယ်။ သီယေဂို၊ မာတစ်တို့ ရာသီကုန်ထိ နားရဖို့ရှိနေကာ ဘာ့ဂျ်ဆီတစ်နဲ့ ဗန်ဒုတ် အခြေအနေ မသိရသေးပါဘူး။
အသင်းရဲ့ လူစာရင်းဟာ လာမယ့် ၂ ပတ်အတွင်း ပြန်လည် အားပြည့်လာဖို့ လိုနေပါတယ်။ လက်တလောမှာ တစ်ပတ် ၁ ပွဲမို့ ပြဿနာ မရှိသေးပေမယ့် မကြာခင် ပွဲကြပ်တွေ ရောက်လာတော့မှာ ဖြစ်ပါတယ်။