

အန်ဖီးကွင်းမှာ ဘန်လေကို ယှဉ်ပြိုင်ကစားပြီး ၃-၁ ရလဒ်ဖြင့် အနိုင်ယူခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းအတွင်း နည်းပြကလော့ပ်က ကစားကွက် အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
ညာခြမ်းခံစစ်က ထရန့်ကို ထုတ်ပြီး သူ့နေရာမှာ ကာတစ်ဂျုံးကို ချိန်းကစားစေခဲ့တယ်။ လူစားဝင်လာတဲ့ ဟာဗေးကိုတော့ ညာခြမ်းပိုင်းကို တာဝန်ယူစေခဲ့ပါတယ်။ ကလော့ပ်ရဲ့ ရွေးချယ်မှုက အလုပ်ဖြစ်ခဲ့ပြီး ဂျုံးနဲ့ ဟာဗေးတို့ဟာ အသင်းနိုင်ပွဲရဖို့ အများကြီး ကူညီပေးခဲ့ပါတယ်။
📊 Curtis Jones did fantastic today. Even when stepping into the right-back role.
• Created the second most chances on the pitch (3).
• Won 2/2 attempted tackles
• Made the joint second most recoveries for #LFC (6).Really stepped up when Klopp needed him… pic.twitter.com/JF1ZIop8el
— AnfieldIndex (@AnfieldIndex) February 10, 2024
ကာတစ်ဂျုံးကို နည်းစနစ်ပိုင်း ပြောင်းလဲ နေရာချခဲ့မှုအတွက် နည်းပြကလော့ပ်က ရှင်းပြရာမှာ
“ ထရန့်က အဆင်ပြေတယ်ဆိုပေမယ့် သူ့ရဲ့ ဒဏ်ရာကို ဂရုစိုက်ဖို့အတွက် သူ့ကို လူစားလဲခဲ့ပါတယ်။ ထရန့် မရှိတော့ချိန် ကျနော်တို့မှာ ညာခြမ်း ခံစစ်အတွက် ရွေးချယ်စရာ ကစားသမား မရှိတော့ပါဘူး။
ဒီတော့ ကျနော်တို့တွေ ကာတစ်ဂျုံးကို ဘယ်လို ကစားပေးပါဆိုပြီး မှာကြားခဲ့တယ်။ ကစားကွက်ကို နည်းနည်းလေး ပြောင်းလဲခဲ့တယ်။ ကာတစ်အတွက် ဖြစ်နိုင်သလောက် အရိုးရှင်းဆုံး ဖြစ်အာင် ကျနော်တို့ နည်းစနစ်ပိုင်း အပြောင်းအလဲ တစ်ခုကို ကြိုးစားကြည့်ခဲ့ပါတယ်။
ကာတစ်က သူ့ကစားသမားဘဝ ပထမဆုံးအကြိမ် ညာခြမ်းခံစစ်မှာ ကစားပေးရတာပါ။ သူ့ကို ပုံမှန်မဟုတ်တဲ့ ညာခြမ်းခံစစ်မှာ မသုံးချင်ခဲ့သလို အခြေအနေတွေကို ထည့်တွက်ဖို့လည်း စဉ်းစားခဲ့ရပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။
ကာတစ်ဂျုံးနဲ့ ဟာဗေးတို့ရဲ့ ညာခြမ်းအတွဲဟာ လီဗာပူးအသင်းရဲ့ တိုက်စစ် ခံစစ် ကစားပုံ ဟန်ချက်ညီဖို့ ကူညီပေးခဲ့တယ်။ ဘန်လေနိုင်ပွဲအပြီးမှာတော့ ဟာဗေးဟာ အကောင်းဆုံး ကစားသမားဆုရခဲ့သလို ဂျုံးကလည်း သူ့ရဲ့ ကိုယ်ကျိုးမဖက်ဘဲ အသင်းအတွက် ကစားပေးမှုအတွက် ချီးကျူးမှုတွေ ရနေခဲ့တာ ဖြစ်ပါတယ်။