လီဗာပူးပရိသတ်တွေနဲ့ ရင်းနှီးပြီး နာမည်တွေ ပါဝင်လာတဲ့ မန်နေဂျာရာထူးအတွက် လီဗာပူးရဲ့ လျာထား (၁၀) ဦးစာရင်း

လီဗာပူးမန်နေဂျာသစ် ဖြစ်လာနိုင်တဲ့ လျာထားစာရင်းမှာတော့ ပရိသတ်တွေနဲ့ အတော်လေး ရင်းနှီးတဲ့ နာမည်တစ်ခုကို တယ်လီဂရပ်က ထည့်သွင်းဖော်ပြလာပါတယ်။

နည်းပြကလော့ပ်ရဲ့ လက်ထောက်ဖြစ်တဲ့ ပပ်လင်ဒါးဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာမှာပါ။ ကလော့ပ် နှုတ်ဆက်ထွက်ခွာမှုနဲ့အတူ လင်ဒါးဟာလည်း လီဗာပူးကနေ အတူ နှုတ်ထွက်မှာဖြစ်ပေမယ့် သူတို့ နှစ်ဦးဟာ မတူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းကြမှာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်က တစ်ရာသီ နားယူပြီး ၂၀၂၅ မှ နည်းပြလောကထဲ ပြန်ဝင်ဖို့ စီစဉ်ထားတယ်။ ပပ်လင်ဒါးကတော့ ဒီနွေမှာတင် သူ့ရဲ့ ကိုယ်ပိုင် နည်းပြအဖွဲ့တစ်ခုနဲ့ မန်နေဂျာလောကထဲ စတင်ဝင်ရောက်ဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ နည်းပြလောင်းတွေကို စတင် စောင့်ကြည့်နေခဲ့တာဖြစ်ကာ အဆိုပါ စာရင်းထဲ လင်ဒါးကလည်း တစ်ဦး အပါအဝင် ဖြစ်တယ်လို့ တယ်လီဂရပ်က ဖော်ပြလာခဲ့တာပါ။

အခုချိန်ထိတော့ ပရိသတ်ကြိုက်ဖြစ်တဲ့ အလွန်ဆိုကပဲ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ဘရိုက်တန်နည်းပြ ဒီဇာဘီနဲ့အပြိုင် ပပ်လင်ဒါးကလည်း တတိယနေရာက ရေပန်းစားလာနေပါတယ်။

လီဗာပူး မန်နေဂျာသစ်ဖြစ်လာဖို့ ရေပန်းစားသူများ

  • Xabi Alonso – 4/7
  • Roberto De Zerbi – 5/1
  • Pep Lijnders – 8/1
  • Ange Postecoglou – 10/1
  • Ruben Amorim – 12/1
  • Julian Nagelsmann – 12/1
  • Unai Emery – 12/1
  • Zinedine Zidane – 14/1
  • Steven Gerrard – 16/1
  • Thomas Tuchel – 16/1

လီဗာပူးအသင်းဟာ အလွန်ဆိုရဲ့ စာချုပ်ကိစ္စ အားလုံးကို စုံစမ်းထားပြီဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြထားပြီး လေဗာကူဆင်ကလည်း သူတို့နည်းပြကို ဆက်ထိန်းဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။