နယူးကာဆယ် ဒါရိုက်တာကို စိတ်ဝင်စားခြင်း၊ အလွန်ဆိုကို ပုံအောဖွယ်ရှိခြင်း၊ လူငယ်စတား တစ်ဦး ပေါ်ထွက်လာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

စပါးအသင်းဟာ ၎င်းတို့ နည်းပြ ပိုစတီကိုဂလူးကို လာမယ့်ရာသီ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး လီဗာပူးအသင်းဘက်က ကြိုးစားလာမှာကို စိတ်ပူနေခြင်း မရှိပါဘူး။

ပိုစတီကိုဂလူးက သူဟာ လီဗာပူးအသင်း အမာခံပရိသတ်ဖြစ်ကြောင်း ထုတ်ပြောထားခဲ့ပြီး အသင်းဟာ မန်နေဂျာလျာထားစာရင်းထဲ သူ့ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အကြိုက်ဆုံးသော မန်နေဂျာအဖြစ် ဇာဗီအလွန်ဆို ဖြစ်သွားပြီလို့ တယ်လီဂရပ် သတင်းထောက် မတ်လောက ဆိုပါတယ်။

ဂျင်မီ ကာရေဂါကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်သူ အလွန်ဆိုဟာ လီဗာပူးမန်နေဂျာသစ် ဖြစ်လာသင့်ကြောင်း ပြတ်ပြတ်သားသား ထောက်ခံနေပါပြီ။

ဘန်လေပွဲအပြီး ဗီဒီယိုတွေမှာ ဂျိုတာဟာ ခြေထောက် နာကျင်နေဟန်ရှိတဲ့ အခြေအနေကို မြင်တွေ့နေရပါတယ်။ ဘောလုံးသမားတွေ ပွဲအတွင်း အကန်ခံရချိန် သာမာန် နာကျင်တာလောက်ဖြစ်ဖို့ မျှော်လင့်ရပါတယ်။

ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုကို ပါဝင် ယှဉ်ပြိုင်သွားဖို့ စိတ်အားထက်သန်နေပါတယ်။

ဘန်လေပွဲအပြီး ကစားသမားတွေ နားရက်ရကြချိန်မှာ ကိုနတေးက ပဲရစ်ကို ပြန်သွားခဲ့သလို မာကာက လန်ဒန်ကို အလှည့်ထွက်နေပါတယ်။

၁၇ နှစ်သား လီဗာပူး တောင်ပံသမား မော်ရစ်ဆန်ကို အသင်းဘက်က ပရော်ဖက်ရှင်နယ် စာချုပ် ပေးတော့မှာပါ။ သူဟာ ဒီရာသီ နိုဝင်ဘာလကစလို့ အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ၁၇ ကြိမ်ထိ လုပ်ထားပေးပါတယ်။

အားကစားဒါရိုက်တာသစ် ရှာဖွေနေတဲ့ လီဗာပူးအသင်းဟာ နယူးကာဆယ်မှ Dan Ashworth ကို သဘောကျနေပါတယ်။

ဒီနွေမှာ ဝုဗ်အသင်းက နက်တိုကို ရောင်းချသွားမှာဖြစ်ကာ တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀-၆၀ ထိ တောင်းဆိုမှာ ဖြစ်ပါတယ်။