ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ရာ မျှော်လင့်ချက် အနည်းငယ် ရှိလာချိန်မှာပဲ ယူနိုက်တက်နည်းပြ တန်ဟက်က ဇယားထိပ်က အသင်းတွေကိုလည်း သူတို့ အနိုင်ယူနိုင်တယ်လို့ ဆိုလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ ၁၃ မှတ်အကွာ အဆင့် ၆ နေရာမှာ ရှိနေပေမယ့် အဆင့် ၄ နေရာက အသင်းနဲ့တော့ ၆ မှတ်အကွာကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
တန်ဟက်က ” အိမ်ကွင်းဖြစ်ဖြစ်၊ အဝေးကွင်းဖြစ်ဖြစ် ကျနော်တို့က ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ တခါတလေ အဝေးကွင်းတွေမှာဆိုရင် ကျနော်တို့က နိုင်ပွဲယူဖို့ ပိုပြီး ယုံကြည်ချက်တွေ ရှိနေတတ်ပါတယ်။
အာဆင်နယ်ပွဲတုန်းကဆိုရင် ကျနော်တို့ နိုင်ရမှာ။ နိုင်ဖို့လည်း တကယ်ကို ထိုက်တန်ခဲ့တယ်။ လီဗာပူးပွဲတုန်းကလည်း ကျနော်တို့ပဲ နိုင်ခဲ့သင့်တာ။
ဒါတွေက ယုံကြည်မှုနဲ့ပဲဆိုင်တယ်။ ဒီနေ့ဆို ပွဲကို အနိုင်ကစားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ချက်ရှိတော့ ဗီလာကိုနိုင်ခဲ့တယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
တန်ဟက်က အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ၀-၀ သရေကျခဲ့တဲ့ပွဲကို ဆိုလိုခဲ့တာဖြစ်ကာ မနှစ်ကရာသီ ၇-၀ ကို ပြောလိုခဲ့တာ မဟုတ်တာတော့ သေချာပါတယ်။