မနေ့က အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာတော့ အဖျားကြောင်း ဘန်လေပွဲကို လွဲချော်ခဲ့တဲ့ အယ်လီဆန်နဲ့ ဂိုးမက်စ်တို့ ပြန်လည် ပါဝင်လာပါတယ်။
ဘန်လေပွဲမှာ အသေးစား ဒဏ်ရာကြောင့် လူစားဝင်ရခြင်း မရှိတဲ့ ဂရာဗင်ဘက်ချ်လည်း အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သလို ပွဲအပြီး ခြေထောက်နာနေတဲ့ ဂျိုတာလည်း အေးအေးဆေးဆေးပဲ ဖြစ်ပါတယ်။
ဒီအပတ်ပွဲမှာ ကိုနတေး ပြန်လည် ပါဝင်လာနိုင်မှာဖြစ်ကာ ဖခင် ဆုံးပါးမှုကြောင့် ခွင့်ရထားခဲ့တဲ့ ဘရတ်ဒလေလည်း လူစာရင်းနဲ့ ပြန်ပြီး ပူးပေါင်းခဲ့ပါတယ်။
ထရန့်နဲ့ ဆိုဘိုတို့ကတော့ ပါဝင်နိုင်ခြင်း မရှိဘဲ မိုဆာလာကလည်း လေ့ကျင့်ရေး အပြည့် မဝင်နိုင်သေးပေမယ့် အစောပိုင်း လေ့ကျင့်ရေးတွေမှာ အသင်းဖော်တွေနဲ့အတူ အတူ ပူးပေါင်းခဲ့ပါတယ်။
အင်္ဂါနေ့ လေ့ကျင့်ရေးမှ အသင်းသား ၂၇ ဦးစာရင်း
ဂိုးသမား – အယ်လီဆန်၊ ကလယ်ဟာ၊ အတ်ဒရီရန်၊ မရိုးဇက်၊ မက်ရှယ်။
ခံစစ်သမား – ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်၊ ကွမ်းဆက်၊ ရော်ဘတ်ဆန်၊ ဘရတ်ဒလေ၊ ဆီမီကတ်စ်။
ကွင်းလယ် – မာကာ၊ ဂျုံး၊ အန်ဒို၊ ဟာဗေး၊ ဂရာဗင်ဘက်ချ်၊ ကလက်၊ မက်ကော်နယ်။
တိုက်စစ် – ဆာလာ၊ ဒါဝင်၊ ဂျိုတာ၊ ဒီယက်စ်၊ ဂက်ပို၊ ဂေါ်ဒန်၊ ကူးမက်စ်၊ ဒန့်စ်။
လေ့ကျင့်ရေး လွဲချော်ကြသူများ – ထရန့်၊ ဆိုဘို၊ သီယေဂို၊ မာတစ်၊ ဘာ့ဂျ်ဆီတစ်၊ ဗန်ဒုတ်။