ထရန့်ဟာ ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် နားရပါမယ်။ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကို လွဲချော်မှာဖြစ်သလို မတ်လ ၁၀ ရက်နေ့ မန်စီးတီးပွဲမှာ ပါဝင်နိုင်ရေး အချိန်လုရမှာဖြစ်ပါတယ်။
ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာဟာ ဘယ်အချိန် ပြန်သက်သာမယ်ဆိုတာ သေချာ မသိရသေးဘဲ ကာရာဘောင်းဖလား ဖိုင်နယ်ကိုပါ လွဲချော်နိုင်တယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဖော်ပြလာပါတယ်။
ဇန်နဝါရီလရဲ့ လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဘရတ်ဒလေက ရရှိပါတယ်။ သူဟာ ထရန့် ဒဏ်ရာရနေချိ်န် ညာခြမ်းကို တာဝန်ယူလာဖွယ် ရှိနေပါတယ်။
လူငယ်တိုက်စစ်သမား ကိတ်ဂေါ်ဒန်ဟာ ဒဏ်ရာ ပြန်ရခဲ့ပါတယ်။ မကြာခင် သူ ပြန်ပြီး ကစားနိုင်မှာပါလို့တော့ ယူ-၂၁ နည်းပြ ဘယ်ရီ လွီတက်စ်က ဆိုပါတယ်။
အလွန်ဆိုနဲ့ လက်တွဲဖူးတဲ့ ဝက်စ်ဟမ်းအသင်း အားကစားဒါရိုက်တာက သူ့ကို လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှု မလုပ်သေးဘူးလို့ ပြောလာပါတယ်။
ဂျိုတာဟာ adidas နဲ့ ဖိနပ်ကြော်ငြာတစ်ခု ရိုက်ကူးခဲ့ရာမှာ အသင်းဖော် ဂိုးမက်စ်ကို စနောက်မှုအဖြစ် Goal ဆိုတဲ့ နေရာကို လေသံရှည်ရှည်ဆွဲပြီး ပြောဆိုခဲ့တာကြောင့် ပွဲကျနေပါတယ်။
🔊🔛
It’s…..Diogooooooooooooooooooooooooooooooooooooooooooooooooooooooooooal
😉⚽ @adidasfootball #Predator#createdwithadidas pic.twitter.com/qM6r6fbQ88— Diogo Jota (@DiogoJota18) January 23, 2024
ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်ကတော့ လီဗာပူးနည်းပြရာထူးနဲ့ ပတ်သက်လို့ အသာအယာ ငြင်းဆန်ခဲ့ကာ ဘရန့်ဖိုဒ့်မှာပဲ သူ ပျော်ရွှင်နေပါတယ်လို့ ပြောလာပါတယ်။ ဒိန်းမတ်သားရဲ့ လေသံအရတော့ အသင်းက သူ့ကို ချိတ်ဆက်မှု လုပ်ခဲ့ဟန် မရှိပါဘူး။
မန်စီးတီးအသင်းကလည်း ဂွာဒီယိုလာ နေရာ ဆက်ခံမယ့်သူအဖြစ် အလွန်ဆိုကို လျာထားတယ်လို့ သတင်းထောက် Guillem Balague က ဘီဘီစီသတင်းကနေ ထုတ်ပြောခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးနဲ့ အာဆင်နယ်ပဲ အပြိုင်လုမယ်လို့ သူ ခန့်မှန်းထားကြောင်းနဲ့ အခုလို လီဗာပူး ဝင်ပါလာတာကို အံ့ဩမိကြောင်း ဖာဒီနန်က ပြောပါတယ်။