ရန်ပုံငွေပွဲမှာ တောရက်စ် လာကစားမည်၊ မော်ရင်ညိုရဲ့ ဟောကိန်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူး ပစ်မှတ်ထားနေတဲ့ အလွန်ဆို၊ ဒီဇာဘီ၊ အာမိုရင်းတို့ရဲ့ ကလပ်တွေဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ကာ ၁၆ သင်း ရှုံးထွက်မှာ နည်းပြကလော့ပ်နဲ့ ထိပ်တိုက်တွေ့ဖွယ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလား အပြိုင်လုမယ့် ကလပ်တွေကို မေးခွန်းထုတ်ရာမှာ မော်ရင်ညိုကတော့ မန်စီးတီးနဲ့ လီဗာပူးပဲ ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲ ထပ်မံ ဖြေဆိုပါတယ်။

ဒါဝင် နူးညက်စ်ဟာ သူ့ရဲ့ အင်္ဂလိပ် သင်တန်းတွေကို ပုံမှန် တက်ရောက် သင်ယူနေပြီး အသင်းဖော်တွေနဲ့ စကားစမြည်း ပြောဆိုမှုတွေ လုပ်နိုင်နေပြီလို့ ဟာဗေးက ပြောလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပယ်ပြီးရင် လေဗာကူဆင် နည်းပြ အလွန်ဆိုကို လီဗာပူးနဲ့အပြိုင် ချိတ်ဆက်ဖို့ ကြိုးစားဖွယ် ရှိလာပါတယ်။

ဇာဗီ အလွန်ဆိုဟာ နွေမှာ လေဗာကူဆင်ကနေ သေချာပေါက် ထွက်ခွာမယ် အာမခံချက် မရှိသေးဘဲ ဂျာမာန်ကလပ်မှာ တစ်ရာသီ ဆက်နေတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ တယ်လီဂရပ်က ဆိုပါတယ်။

ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေဟာ ဒီနွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချထားပြီ ဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ ဦးစားပေးမှာဖြစ်ကာ လီဗာပူးနဲ့ သတင်းထွက်မှုတွေကလည်း ရပ်တန့်လို့ရမှာ မဟုတ်ပါဘူး။

မတ်လမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးဂန္တဝင်နဲ့ အေဂျက်ဂန္တဝင်ပွဲမှာ ဖာနန်ဒို တောရက်စ်လည်း ပါဝင်ကစားမယ်လို့ သိရပါတယ်။

လီဗာပူးအသင်းနဲ့ သတင်းထွက်ထားတဲ့ နယူးကာဆယ် အားကစားဒါရိုက်တာ Dan Ashworth ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိဖွယ် ရှိနေပါတယ်။