ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီးမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ၂ မှတ်အသာဖြင့် ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ဘရန့်ဖိုဒ့်ပွဲအတွင်း ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ပရိသတ်တွေကတော့ မိုဆာလာကို ရွေးချယ်ခဲ့ကြပါတယ်။
မန်စီးတီးကို ၁-၁ သရေကစားပြီးတဲ့နောက်မှာ ပိုချက်တီနိုကတော့ ကာရာဘောင်း ဖလားမှာ လီဗာပူးကို အနိုင်ယူနိုင်မယ် ခံစားမိနေတယ်လို့ ထုတ်ပြောသွားပါတယ်။
လီဗာပူး တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာ၊ ဒါဝင်၊ ဂျိုတာ၊ ဂက်ပိုတို့ ၄ ဦးဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀ ဂိုး ကိုယ်စီ ရရှိထားပါပြီ။ ဒီရာသီ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ၁၀ ဂိုးအထက် သွင်းနိုင်တဲ့ ကစားသမား ၄ ဦး ရှိတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ဒီကနေ့ (သို့) မနက်ဖြန်မှ ဆေးစစ်ချက် ထွက်လာမှာဖြစ်ပြီး အသေးစိတ် မသိရသေးပါဘူး။
ကာတစ်ဂျုံးကော ဂျိုတာပါ ဘရန့်ဖိုဒ့် ကွင်းထဲကနေ ခြေကျင်းဝတ် အကာနဲ့ ဒူးအကာတွေ တပ်ဆင်ပြီး ထွက်ခွာခဲ့ရပါတယ်။ ဂျိုတာ ဒဏ်ရာဟာ ခွဲစိတ်ရဖို့ထိ မပြင်းထန်ဖို့ မျှော်လင့်နေရတာ ဖြစ်ပါတယ်။
ကိုနတေးကတော့ လီဗာပူးနဲ့ သတင်းထွက်ပေမယ့် အမ်ဘာပေ ဘယ်အသင်းထံ သွားမယ် လူတိုင်း သိနေပါပြီဆိုကာ လက်ရွေးစင်အသင်းဖော်ဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်သွားမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ လီဗာပူးထံက စိတ်ဝင်စားမှု ရနေပေမယ့် အားကစားဒါရိုက်တာ Tim Steidten ကို သူတို့အသင်းမှာပဲ ဆက်ထိန်းထားနိုင်မယ် ယုံကြည်ချက် ရှိနေပါတယ်။
ကာရာဘောင်းဖလား ဖိုင်နယ်မှာတော့ အယ်လီဆန်၊ ထရန့်၊ ဆိုဘိုစလိုင်၊ ဂျုံး၊ ဂျိုတာတို့ အားလုံး လွဲချော်နိုင်ဆဲဖြစ်ပါတယ်။