ဒဏ်ရာ ပြဿနာတွေကြားက လီဗာပူးအသင်း ဆက်တိုက် ယှဉ်ပြိုင်ရမယ့် လာမယ့် ပြိုင်ပွဲစုံ ပွဲစဉ် ၅ ပွဲ

ဘရန့်ဖိုဒ့်ကို အနိုင်ရအပြီး လီဗာပူးအသင်းရဲ့ ဒဏ်ရာ ပြဿနာတွေကတော့ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

ပြိုင်ဘက်ကစားသမားတွေနဲ့ ထိခိုက်မိတာကြောင့် ဂျုံး၊ ဂျိုတာတို့ ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရသလို တိုက်စစ်မှူး ဒါဝင်ကလည်း ခြေထောက်မှာ တစ်ခုခု ခံစားရတာကြောင့် ကြိုတင် ကာကွယ်မှုအတွက် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

အယ်လီဆန်၊ ထရန့်၊ ဆိုဘိုစလိုင်၊ ဂျုံး၊ ဂျိုတာတို့ဟာ ပွဲထွက်စာရင်းမှာ ပုံမှန် ပါဝင်နေကြသူတွေဖြစ်တာမို့ ဒဏ်ရာရစာရင်း ရှည်လာခြင်းဟာ အသင်းကို နစ်နာစေပါတယ်။ မာတစ်၊ သီယေဂိုတို့ကလည်း ရာသီကုန်ထိ မကစားနိုင်ဖို့ များနေပါတယ်။

စိတ်ပျက်စရာကတော့ ဒဏ်ရာရနေတဲ့ ကစားသမား အများစုဟာ လာမယ့်အပတ် ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကို လွဲချော်ရလောက်တဲ့အပြင် နောက်ဆက်တွဲတွေပါ စိုးရိမ်နေရတာပါ။

အထူးသဖြင့် မတ်လ ၁၀ ရက်နေ့ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါနိုင်မလားလည်း မသေချာသေးပါဘူး။ သတင်းကောင်းကတော့ ရိုဘို ရာနှုန်းပြည့် ကြံ့ခိုင်နေပြီဖြစ်ကာ ဆာလာလည်း ပြန်ကစားလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။

လီဗာပူးရဲ့ လာမယ့် ပြိုင်ပွဲစုံ ပွဲစဉ် ၅ ပွဲ

  • ဖေဖော်ဝါရီလ ၂၁ ရက်နေ့ လူတန်တောင် (အိမ်ကွင်း) – ပရီးမီးယားလိဂ်
  • ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ချယ်ဆီး (ဝင်ဘာလေ) – ကာရာဘောင်းဖိုင်နယ်
  • ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဆောက်သမ်တန် (အိမ်ကွင်း) – အက်ဖ်အေ
  • မတ်လ ၂ ရက်နေ့ ဖောရက်စ် (အဝေးကွင်း) – ပရီးမီးယားလိဂ်
  • မတ်လ ၁၀ ရက်နေ့ မန်စီးတီး (အိမ်ကွင်း) – ပရီးမီးယားလိဂ်