NEWS: ဂျိုတာရဲ့ ဒဏ်ရာ စကန်ရလဒ် ထွက်ပေါ်လာ၊ PCL ဒဏ်ရာဖြစ်မယ်လို့ ယူဆရ

ဘရန့်ဖိုဒ့်ပွဲမှာ ဒဏ်ရာရသွားတဲ့ ဂျိုတာရဲ့ ဒဏ်ရာကို စကန်ဖတ်ထားတဲ့ ရလဒ် ထွက်ပေါ်လာခဲ့ပြီလို့ သတင်းထောက် DaveOCKOP က ဖော်ပြလာပါတယ်။

ဆာလာမရှိချိန် လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနေတဲ့ ဂျိုတာဟာ ပြိုင်ဘက် ကစားသမားရဲ့ ခန္ဓာကိုယ်ဝိတ်နဲ့ ဒူးကို ပိကျခဲ့ခြင်းကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

စကန်ရလဒ်အရ ဒူးအရွတ်ပိုင်းမှာ ထိခိုက်မှု PCL ဒဏ်ရာမျိုး ရခဲ့ခြင်းလို့ မှန်းဆနေကြပါတယ်။ ဒီဒဏ်ရာမျိုးဟာ ခွဲစိတ်မှု ခံယူရမယ်ဆိုရင် ရာသီကုန်ထိ အနားယူရမှာဖြစ်ပါတယ်။

နောက်ဆက်တွဲ အခြေအနေတွေကို စောင့်ကြည့်သွားရမှာဖြစ်ကာ သေချာပေါက် ခွဲစိတ်ရမယ်လို့တော့ ယူဆလို့ မရသေးပါဘူး။ ဒဏ်ရာဟာ ခွဲစိတ်မှု ခံယူဖို့ မလိုအပ်ရင်တော့ ၂ ပတ်အတွင်းမှာ ပြန်လည် သက်သာလာမယ်လို့လည်း သိရပါတယ်။