ဆာလာတို့ လူတန်တောင်ပွဲ လွဲမယ် အသံထွက်၊ ကလယ်ဟာ လာမယ့် ၂ ပွဲကို ဆက်ပွဲထွက်ဖွယ် ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီယေဂို ဂျိုတာဟာ ကာလရှည် အနားယူရမယ့် ပြင်းထန် ဒူးဒဏ်ရာကနေ ရှောင်လွဲနိုင်ခဲ့ပေမယ့် ၂ လလောက်တော့ နားရဖွယ်ရှိကြောင်း ပေါ်တူဂီသတင်းဌာန Record က ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ လေဗာကူဆင်အသင်းမှ အလွန်ဆိုတင် မဟုတ်ဘဲ အားကစားဒါရိုက်တာ Simon Rolfes ကိုပါ ခေါ်ယူဖို့ ချိန်ရွယ်နေတာလို့ အသံထွက်လာပါတယ်။

အယ်လီဆန် ဒဏ်ရာကနေ ပြန်သက်သာလာရင်တောင် လူတန်တောင်းနဲ့ ကာရာဘောင်း ဖိုင်နယ်ပွဲတွေမှာ ပွဲထွက် ဂိုးသမားအဖြစ် ကလယ်ဟာကိုပဲ ဆက်သုံးဖို့ ရွေးချယ်မယ်လို့ သိရပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူး နည်းပြဘဝ နောက်ဆုံးရာသီမှာ ဘရိုက်တန်လည်း ပါဝင် ယှဉ်ပြိုင်နေတဲ့ ယူရိုပါလိဂ်ကလွဲရင် ဖလားတွေ အောင်မြင်ပါစေကြောင်း လယ်လာနာက ဆုတောင်းသွားပါတယ်။

ဒါဝင် နူးညက်စ်နဲ့ မိုဆာလာတို့ နှစ်ဦးလုံး လူတန်တောင်ပွဲကို လွဲချော်မယ်လို့ လီဗာပူးအခြေစိုက် ဖန်ချန်နယ် ဖြစ်တဲ့ TheRedmenTV က ပြောလာပါတယ်။ ၎င်းတို့တော့ အတည်ပြုသတင်း မဟုတ်သေးဘူးလို့ ဆိုပါတယ်။

ဘရန့်ဖိုဒ့်ပွဲမှာ ဆာလာ ပါဝင်ကစားခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုဟာ ရာနှုန်းပြည့် ပြန်မကောင်းသေးတာကြောင့် ပွဲဆက်တိုက် ကစားနိုင်ဖွယ် မရှိဘူးလို့ အသံထွက်နေပါတယ်။

ဘွန်ဒက်လီဂါကလပ် မိန်ဇ့်အသင်းထံ အငှားထွက်နေတဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကတော့ ဒီနွေမှာ သူ လီဗာပူးအသင်းကနေ ထွက်ဖွယ်ရှိကြောင်း ပြောလာပါတယ်။

နယူးကာဆယ် ယူ-၂၁ အသင်းကို အနိုင်ရတဲ့ပွဲမှာ ဘော်ဘီကလက်နဲ့ ကိတ်ဂေါ်ဒန်တို့ဟာ လီဗာပူး ယူ-၂၁ အတွက် ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။