

ဘလွန်းဒီအော ပိုင်ရှင်ဟောင်းဖြစ်တဲ့ တိုက်စစ်မှူး မိုက်ကယ် အိုဝင်ကတော့ ဘရန့်ဖိုဒ့်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒါဝင် နူးညက်စ်ရဲ့ အဖွင့်ဂိုးကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
တိုက်စစ်မှူး တစ်ယောက်အတွက် အခွင့်အရေး အနည်းဆုံးသော သွင်းနည်းကို ဒါဝင်က သွင်းယူခဲ့တာပါလို့ တချိန်က ပင်နယ်တီ ဧရိယာအတွင်း အကောင်းဆုံး အဆုံးသတ်သမားလို့ ထင်ရှားခဲ့တဲ့ အိုဝင်က ပြောပြလာပါတယ်။
ဒါပေမယ့်လို့ ဒီလိုဂိုးမျိုးကို နောက်ခါတွေမှာ ဂိုးရဖို့ အခွင့်အရေး နည်းတဲ့ ဒီလို သွင်းမှုဖြင့် စွန့်စားမှု ထပ်မလုပ်ဖို့နဲ့ ဂိုးရနိုင်ချေ ပိုများအောင် ကြိုးစား ဖန်တီးဖို့လည်း တိုက်တွန်းပါသေးတယ်။
အိုဝင်ကတော့ ” ဘရန့်ဖိုဒ့်ပွဲမှာ ဒါဝင် နူးညက်စ်ရဲ့ အဆုံးသတ်ချက်ကြီးကတော့ လက်ဖျားခါပါတယ်ဗျာ။ ကျနော် အဲ့ဂိုးကို ကြည့်လို့ကို မဝဘူး။ အဲ့လို သွင်းဖို့ သိပ်ခက်ခဲတယ် ဆိုတာကို ဘယ်လို ရှင်းပြရမလဲတောင် မသိတော့ဘူး။
အရှိန်နဲ့ ပြေးလွှားနေတယ်။ ဘောလုံးကလည်း ဆက်လိမ့်နေတယ်။ ဘာအမှားမှ မလုပ်ဘဲ ဧရိယာထဲ ဝင်သွားတယ်။ မယုံနိုင်စရာ အဆုံးသတ်မှုပါပဲ။
ဒါပေမယ့် အဲ့တာကပဲ ဒါဝင်ဟာ လူတွေထင်ထားသလို ကစားသမားကောင်း တစ်ယောက် ဖြစ်လာဖို့ နီးစပ်နေပြီဆိုတာ သပ်သေပြမှု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ တွေးခေါ်မှုတွေက တည်ငြိမ်စပြုလာပါပြီ။
Outrageous finish 🤩
Enjoy every angle of @Darwinn99's stunning chip during #BRELIV 👏 pic.twitter.com/ms5nDOu1vG
— Liverpool FC (@LFC) February 18, 2024
ကျနော်ကတော့ သူ့ရဲ့ အဆုံးသတ်မှုဟာ ရူးလောက်တယ်လို့ မြင်ပါတယ်။ အကောင်းဆုံး ကြိုးစားရင်တောင် ၁၀ ကြိမ်မှာ ၁ ကြိမ် ၂ ကြိမ်လောက်ပဲ အောင်မြင်နိုင်မယ့် အဆုံးသတ်မှု ဖြစ်ပါတယ်။
ဂိုးသွင်းဖို့ဆိုရင် ဘေးလူကို ပေးမလား၊ ဂိုးပေါက်ထဲ ကန်ထည့်မလား ဒါမှမဟုတ် ဂိုးသမားကို လိမ့်ခေါက် ကျော်ဖြတ်မလား ဒါမျိုး ရွေးချယ်မှပဲ သူ့ရဲ့ အခွင့်အရေး အောင်မြင်နိုင်ချေက ၁၀ မှာ ၅ လောက် များသွားမှာပါ။
သူ့ဂိုးက အရမ်းကောင်းလွန်းတော့ ပွဲဝင်ဖျက်ပြီး ဝေဖန်တာမျိုး ကျနော် မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဲ့လို သွင်းတာမျိုးကို ၀-၀ ဖြစ်နေချိန် သွင်းတာမျိုးထက် ၃-၀ ဖြစ်နေချိန်လောက်မှ သွင်းစေချင်ပါတယ် ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါဝင် နူးညက်စ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုးရထားပေမယ့် အပိုင် အခွင့်အရေးတွေကို မဖြုန်းတီးခဲ့ရင် လိဂ်ရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်မှူး နေရာမှာ ဟာလန်းကိုတောင် ကျော်တက်နိုင်လောက်တဲ့ အနေအထားတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။