NEWS: ဘရန့်ဖိုဒ့်ပွဲအပြီး ဒဏ်ရာပြန်ရသွားတဲ့ မိုဆာလာ

လီဗာပူးတိုက်စစ်သမား ဂျိုတာဟာ ဘရန့်ဖိုဒ့်ပွဲက ရခဲ့တဲ့ ဒဏ်ရာကြောင့် ခွဲစိတ်မှုဝင်ဖို့ မလိုလောက်ပေမယ့် ၂ လဝန်းကျင် အနားယူရတော့မှာပါ။ အသေးစိတ် အခြေအနေတွေကိုတော့ နောက်ထပ် စစ်ဆေးမှုတွေကို စောင့်ပြီးမှ သိရပါမယ်။

ဒါပေမယ့် သူတင် မဟုတ်ဘဲ သူ့နေရာ အစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး မိုဆာလာကလည်း ဘရန့်ဖိုဒ့်ပွဲအပြီး ဒဏ်ရာ ပြန်ရခဲ့တယ်လို့ သိရပါတယ်။

အီဂျစ် တီဗီချန်နယ်ဖြစ်တဲ့ OnTimeSports ကနေ အစီအစဉ် တင်ဆက်သူ Ahmed Shoubir က ဆာလာ ဒဏ်ရာ ပြန်ရကြောင်း ကြေညာသွားပါတယ်။

” ကျနော်မှာ သတင်းဆိုးရှိပါတယ်။ လီဗာပူးနဲ့ ဘရန့်ဖိုဒ့်ပွဲအပြီးမှာ ဆာလာ ဒဏ်ရာ ပြန်ရသွားခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်အသင်းမှာ ရခဲ့တဲ့ ဒဏ်ရာပဲ ပြန်ရသွားတာလို့ သိထားပါတယ်။

ဆာလာဟာ လီဗာပူးရဲ့ နောက်ပွဲစဉ်ဖြစ်တဲ့ လူတန်တောင်းပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါက ကျနော်ရထားတဲ့ သတင်းပါ။ ဒီသတင်း မှားပါစေ မျှော်လင့်ပေမယ့် ကံဆိုးစွာပဲ မှန်ဖို့ များပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆာလာဟာ လူတန်ပွဲ မပါနိုင်ပေမယ့် တနင်္ဂနွေနေ့ ချယ်ဆီးနဲ့ ကာရာဘောင်းဖလားပွဲကိုပါ လွဲချော်မယ်လို့တော့ သတင်း မထွက်လာသေးတာ ဖြစ်ပါတယ်။