ပရီးမီးယားလိဂ် လက်ကျန်ပွဲကို ကစားပြီးတဲ့နောက် မန်စီးတီးဟာ လီဗာပူးနောက် ၁ မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်တက်လာပါတယ်။
ဒါဝင်နဲ့ ဆာလာတို့ရဲ့ အခြေအနေကို နေ့စဉ် စောင့်ကြည့်နေတယ်လို့ ကလော့ပ်က ပြောဆိုပါတယ်။ သူတို့ နှစ်ဦးဟာ လူတန်ပွဲကို လွဲချော်ပြီး ချယ်ဆီးနဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲမှ ပြန်ပါလာနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
လူတန်တောင်းပွဲမှာ အန်ဖီးကွင်းက ပရိသတ်တွေအားလုံး သူတို့ရဲ့ အင်အားကို ပြသပေးကြဖို့ ကလော့ပ်က တောင်းဆိုပါတယ်။
ဂိုးသမား အယ်လီဆန်ဟာ မတ်လ နိုင်ငံတကာ သီတင်းပတ်အပြီးမှ ဘောလုံး ပြန်ကစားနိုင်မယ်လို့ ဘရာဇီးအားကစားသတင်းတွေမှာ ဖော်ပြနေပါတယ်။ ဂိုးသမားဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ် ရှိပါတယ်။
ချယ်ဆီးခံစစ်သမား လီဗီကိုးဝဲလ်က ကာရာဘောင်းဖလားမှာ လီဗာပူးကို အနိုင်ယူပြီး ချန်ပီယံဖလား ကိုင်မြှောက်ပြမယ်လို့ ကြွေးကြော်ပါတယ်။
လီဗာပူးအသင်းဟာ ပဲလေစ့် ခံစစ်မှူး Marc Guehi ကို စိတ်ဝင်စားမှု ပြသနေပါတယ်။ ဒါပေမယ့် ၎င်းကို ခေါ်ယူမလား ကိစ္စဟာ နွေကျမှ အားကစားဒါရိုက်တာသစ်၊ မန်နေဂျာသစ်တို့နဲ့ ဆွေးနွေးမှု ပြုလုပ်မှာပါ။
လေဗာကူဆင် ညာတောင်ပံ-အစွန် ကစားသမား ဖရမ်ပေါင်ကတော့ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ကြောင်းနဲ့ လီဗာပူးအသင်းက ထိပ်တန်း အသင်းကောင်းပါလို့ မှတ်ချက်ပေးပါတယ်။
🚨 Jérémie Frimpong on a potential move to Liverpool this summer:
“Liverpool? It's a great club with a history. That would be wonderful. Who knows what the future holds?"
(🗣️ @ZiggoSport) pic.twitter.com/438VkoDwze
— Transfer News Live (@DeadlineDayLive) February 20, 2024
မိုက်ကယ်အတ်ဝပ်က လီဗာပူးရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့ပေမယ့် အသင်းဘက်ကတော့ ဆက်လက် ကြိုးစားနေသေးတယ်လို့ သတင်းထောက် Ben Jacobs က ဆိုပါတယ်။
ဟူးစီးတီးထံ အငှားထွက်နေတဲ့ တိုက်စစ်သမား ကာဗာရိုဟာ သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံရှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။