ဒီရာသီ ဒုတိယအကြိမ်အဖြစ် ဂျိုတာဟာ ဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်ကာ တိုက်စစ်သမားကတော့ ပရိသတ်တွေကို သတင်းစကား အမှာပါးလာခဲ့ပါတယ်။
ဘရန့်ဖိုဒ့်ကို အနိုင်ရတဲ့ပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်ခဲ့တဲ့ ဂျိုတာဟာ လအတန်ငယ် အနားယူရဖွယ် ရှိနေကြောင်း နည်းပြကလော့ပ်က ထုတ်ပြောထားပါတယ်။
လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမား ၉ ဦးထဲက တစ်ဦး အပါအဝင်ဖြစ်တဲ့ ဂျိုတာ ဘယ်အချိန်မှာ ပြန်သက်သာလာမယ် မသိရသေးပေမယ့် ဒီလအတွင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေ အားလုံးကိုတော့ လွဲချော်သွားပါပြီ။
ဂျိုတာကတော့ လူမှုကွန်ယက်ကနေ “ နောက်တစ်ကြိမ် တိုးတက်မှု ဆုတ်ယုတ်ခဲ့ခြင်းလား? ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်အောင် ကျနော် ကြိုးစားသွားပါမယ် ” လို့ ရေးစားသွားခဲ့တယ်။
Another setback 😣 I will fight to be back as soon as possible 💪🏻 #YNWA pic.twitter.com/pAyYNkPNXP
— Diogo Jota (@DiogoJota18) February 20, 2024
ဂျိုတာဟာ ဒီဇင်ဘာလတုန်းကပဲ ကြွက်သား ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၈ ပွဲကို လွဲချော်ထားခဲ့ပါတယ်။ Boxing Day မှာ ဒဏ်ရာကနေ ပြန်သက်သာလာခဲ့ပြီး ဆာလာ မရှိချိန် အသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့တာပါ။
ဒီတစ်ကြိမ် ဒူးဒဏ်ရာကြောင့် သူ့ကို ၂ လ ဝန်းကျင် လက်လွတ်ရမှာဖြစ်ကာ ပြိုင်ပွဲစုံ ၁၅ ပွဲလောက်ကို လွဲချော်သွားနိုင်တယ်လို့ သိရတာဖြစ်ပါတယ်။