

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လူတန်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲအတွင်း အသင်းသားတွေ မိုးကြိုးမုန်တိုင်းတွေလို မွှေနှောက်ကစားရေး တွန်းအားပေးဖို့ သူ့ရဲ့ ကတိကို ချိုးဖျက်ခဲ့ရပါတယ်။
ပွဲအစ ၁၂ မိနစ်မှာ အတော်လေးကောင်းတဲ့ တိုက်စစ်စုဖွဲ့ပုံကနေ လူတန်က ဦးဆောင်ဂိုး ရယူခဲ့တာပါ။ ပထမပိုင်း ၄၅ မိနစ်လုံး လီဗာပူးအသင်း ထိုးဖောက် ကစားပေမယ့် ချေပဂိုး ပြန်မရခဲ့ကာ ဒုတိယပိုင်းမှ ဗန်ဒိုက်၊ ဂက်ပို၊ ဒီယက်ဇ်နဲ့ ဟာဗေးတို့က ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
“ ဒီညကတော့ အမြဲတမ်း ပြောဆိုနေကြတော့မယ့် ခက်ခဲတဲ့ တစ်ထောင့်တစ်ည ပွဲတွေထဲက တစ်ပွဲဖြစ်သွားခဲ့ပါပြီ။ ကျနော် သိပ်ပျော်နေပါတယ် ” လို့ ကလော့ပ်က ပီတိစကား ပြောပါတယ်။
ဒီည လီဗာပူးလူစာရင်းမှာ ဆာလာ၊ ဒါဝင် မပါနိုင်ခဲ့ပါဘူး။ ဂျိုတာ၊ ဂျုံး၊ ဆိုဘိုစလိုင်၊ ထရန့်၊ သီယေဂိုတို့ကလည်း ဒဏ်ရာတွေကြောင့် မပါနိုင်ခဲ့ပါဘူး။ အကယ်ဒမီထွက် တွေကိုပါ ထည့်သုံးခဲ့ရတဲ့ ဒီပွဲမှာ ကလော့ပ်က ၂၀၁၉ တုန်းက ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ ပွဲနဲ့ နှိုင်းယှဉ်ပြီး ဖိအားပေးခဲ့ပါတယ်။
ကလော့ပ်က ထုတ်ပြောရာမှာ “ ဒုတိယပိုင်းမှာ ကျနော်တို့ရဲ့ ကစားပုံက မိုးကြိုးမုန်တိုင်း တစ်ခုလိုပါပဲ။ ဒီပွဲကို စံနမူနာအဖြစ် ကျနော် မကြာခဏ ထုတ်ပြောနေတော့မှာပါ။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ပွဲကို ဥပမာပေး ထုတ်ပြောတာမျိုး မလုပ်တော့ပါဘူးလို့ အသင်းကို ကျနော် ကတိပေးထားခဲ့တယ်။ ဒီနေ့တော့ အဲ့ကတိကို ချိုးဖျက်ပြီး ‘ဒါဟာ မင်းတို့ရင်ဆိုင်ရမယ့် ဘာစီလိုနာပဲ’ လို့ ကျနော် ပြန်သုံးခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ အနေအထားက ဆင်တူပါတယ်။ ကျနော်တို့ ကစားသမားတွေ အများကြီး လက်လွတ်ထားရတာလည်း တူပါတယ်။ အဲ့တုန်းကလိုပဲ ဒီတစ်ကြိမ်မှာလည်း ပွဲအတွက် မပါနိုင်တဲ့ အသင်းသားတွေကို မေ့ထားကြဖို့ သူတို့ကို ကျနော် တိုက်တွန်းခဲ့တယ်။
18 year-old Jayden Danns comes on for his senior Liverpool debut 😍👏🏼
Been on fire for their youth teams this season bagging 16 goals in 15 games… Deserved 🫡 pic.twitter.com/fPDZJmpmGa
— Rising Ballers (@RisingBallers_) February 21, 2024
တကယ်ဆို စိတ်ဓါတ်ကျပြီး အလျော့ပေးသွားလို့ရတဲ့ အကြောင်းရင်းတွေမှ အများကြီးပါ။ ဒါပေမယ့် ဒီညမှာ သိပ်ကို ပြင်းထန်တဲ့ အုပ်စုလိုက် ကြိုးစားမှုကို မြင်ခဲ့ရတယ်။
မကောင်းတဲ့ အတွေးတွေနဲ့ ကိုယ့်ဘာသာ ကန့်သတ်မထားသမျှ မင်းက အကောင်းဆုံး လုပ်နိုင်မှာပါ။ ဒီည လီဗာပူးအသင်းသားတွေ လုပ်ပြခဲ့သလိုပေါ့ ” လို့ပဲ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ မန်စီးတီး၊ အာဆင်နယ်တို့ထက် ပွဲပိုကစားထားကာ ၄ မှတ်၊ ၅ မှတ်တွေဖြင့် အမှတ်ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။