

လူတန်တောင်းကို ၄-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ဒုတိယနေရာမှ မန်စီးတီးကို ၄ မှတ်၊ တတိယနေရာက အာဆင်နယ်ကို ၅ မှတ် အမှတ်ဖြတ်လာနိုင်ပါပြီ။
လီဗာပူးအသင်းဟာ ဥရောပ ထိပ်ဆုံး လိဂ် ၅ ခုအတွင်း ပထမဆုံးအဖြစ် သွင်းဂိုး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ အသင်းသား ၅ ဦးထိရှိလာပါတယ်။
ဟာဗေးရဲ့ သွင်းဂိုးနဲ့အတူ လီဗာပူးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀၀ ပထမဆုံးပြည့်တဲ့ ဥရောပအသင်း ဖြစ်လာပါတယ်။
လူတန်တောင်းပွဲမှာ ဗန်ဒိုက်နဲ့ ဂက်ပိုတို့ရဲ့ သွင်းဂိုး နှစ်ဂိုးကြားမှာ ကြာချိန် ၁၂၅ စက္ကန့်ပဲ ရှိခဲ့ပါတယ်။
Take a moment and enjoy the full two minute sequence between Van Dijk’s equalizer and Gakpo’s go-ahead goal.
Fucking love this club. Volume up! 🔊#LIVLUT #LFC #YNWA pic.twitter.com/rZ4UUXjptX
— Evan T (@Liverpool_NYC) February 21, 2024
ဒီယက်ဇ်ရဲ့ သွင်းဂိုးအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်တာကြောင့် ရော်ဘတ်ဆန်ဟာ ထရန့်ရဲ့ ခံစစ်သမားတွေထဲ ဂိုးထောက်ပံ့မှု အများဆုံး ဆိုတဲ့ ၅၈ ကြိမ် စံချိန်ကို လိုက်မီခဲ့ပါပြီ။
လူတန်တောင်းပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် အသင်းပရိသတ်တွေက မာကာကို မဲပေးခဲ့ကြပါတယ်။
သူတို့အသင်း ဦးဆောင်ဂိုး သွင်းမိခြင်းဟာ လီဗာပူးပရိသတ်တွေရဲ့ ဒေါသကို သွားဆွမိလိုက်တာပဲလို့ လူတန်တောင်းနည်းပြက ပြောပါတယ်။ လူစားဝင်လာတဲ့ ၁၈ နှစ်သား လီဗာပူးတိုက်စစ်မှူး ဒန့်ရဲ့ ဖခင်နဲ့ ကွင်းထဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးတယ်လို့လည်း သူက ပြောပါတယ်။
ပထမပိုင်းမှာ အရေးနိမ့်နေပေမယ့် ဂိုးပြတ် နိုင်ပွဲ ဖော်ဆောင်နိုင်တာဟာ အန်ဖီးကွင်းမှာ အနောက်ကနေ အားပေးနေကြတဲ့ ပရိသတ်တွေကြောင့်ပါလို့ ဟာဗေးက မှတ်ချက်ပေးပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ဒုတိယပိုင်းအတွင်း ၄ ဂိုး သွင်းခဲ့တာ ၃ ပွဲရှိထားပါတယ်။