

ယူအီးအက်ဖ်အေရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဟာ အုပ်စုအဆင့် ပွဲစဉ်တွေ ပြီးဆုံးထားပြီဖြစ်သလို play-off ပွဲစဉ်တွေ ကစားခဲ့ပြီဖြစ်ကာ အနိုင်ရ ကလပ် ၈ သင်းလည်း ပေါ်ထွက်လာပါပြီ။ နောက်အဆင့်အတွက် မဲခွဲမှုတွေ ဒီကနေ့ညမှာ စတင်လာတော့မှာပါ။
ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် စတင်မယ့် အချိန်?
ဒီကနေ့ည မြန်မာစံတော်ချိန် ၅ နာရီခွဲမှာတော့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲမှု ရှိပါမယ်။ မဲခွဲမှုကို ယူအီးအက်ဖ်အေ ရုံးချုပ်ရှိရာ ဆွစ်ဇလန်နိုင်ငံ Nyon မြို့မှာ ပြုလုပ်မှာပါ။
ဘယ်အသင်းတွေ ထိပ်တိုက်တွေ့မှာလဲ
အုပ်စုအဆင့်မှာ အုပ်စုဗိုလ်နေရာ ရခဲ့တဲ့ ကလပ် ၈ သင်းဟာ play-off က တက်လာမယ့် ကလပ် ၈သင်းနဲ့ မဲနိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အုပ်စုဗိုလ်ရခဲ့တဲ့ အသင်းတွေက ဦးစားပေးအသင်းတွေဖြစ်ပါတယ်။
ဦးစားပေးအသင်း (၈) သင်း
- အတ္တလန်တာ
- ဘရိုက်တန်
- လေဗာကူဆင်
- လီဗာပူး
- ရိန်းဂျား
- ဆလားဗီးယား ပရာဟာ
- ဗီလာရီးရဲလ်
- ဝက်စ်ဟမ်း
အခြား (၈) သင်း
- အေစီမီလန်
- ဘင်ဖီကာ
- ဖရန့်ဘတ်
- မာဆေး
- ကွာရာဘက်
- ရိုးမား
- စပါတာ ပရာဟာ
- စပို့တင်း
၁၆ သင်း ရှုံးထွက်မှာ နိုင်ငံတူတွေ အတွဲကျခွင့်ရှိလား?
ဒီအဆင့်မှာ နိုင်ငံတူအသင်းတွေ အတွဲကျမှာ မဟုတ်ပါဘူး။
ရှုံးထွက်ကို ၂ ကျော့ကစားမှာလား?
ရှုံးထွက်ကို ၂ ကျော့ကစားမှာဖြစ်ကာ ဦးစားပေးအသင်းတွေဟာ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။ အိမ်ကွင်း၊ အဝေးကွင်း ဂိုးရလဒ် တူညီနေမယ်ဆိုရင် မိနစ် ၁၈၀ နောက်ပိုင်း အချိန်ပို မိနစ် ၃၀ ကစားရမှာပါ။ ဆက်လက်ပြီး ရလဒ် တူညီနေရင် ပင်နယ်တီ အဆုံးအဖြတ် ကန်ရပါမယ်။
ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် ကန်မယ့် အချိန်
ပထမအကျော့ကို မတ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်စေပြီး ဒုတိယအကျော့ကတော့ မတ်လ ၁၄ ရက်ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဆက်လက် မဲခွဲပါမယ်။ ဖိုင်နယ်ကိုတော့ မေလ ၂၂ ရက်နေ့ အိုင်ယာလန်ရဲ့ Dublin Arena ကွင်းမှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။