တနင်္ဂနွေနေ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲအပြင် အက်ဖ်အေဖလားပွဲ၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုတော့ အယ်လီဆန်၊ ထရန့်၊ ကာတစ်ဂျုံး၊ ဂျိုတာတို့ သေချာပေါက် လွဲချော်ပြီဖြစ်ပါတယ်။
ဆာလာ၊ ဒါဝင်တို့ကတော့ ဒီအပတ်ပွဲမှာ ပြန်ပါကောင်းပါလာနိုင်ပါတယ်။ သူတို့ရဲ့ အခြေအနေအတွက် လက်ထောက်နည်းပြ ပပ်လင်ဒါးက အခုလို ပြောပါတယ်။
“ ဒွန်၊ ဒါဝင်၊ မိုတို့ရဲ့ အခြေအနေကို ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ကျနော်တို့ ၂ ရက် အချိန်ရပါတယ်၊ ဒီကနေ့ လေ့ကျင့်ရေးရယ်၊ မနက်ဖြန် လေ့ကျင့်ရေးရယ်ပါ။ နောက်ဆုံး မိနစ်မှ ကျနော်တို့ စစ်ဆေးပါမယ်။ လူစာရင်းထဲ သူတို့ပါလာနိုင်ရင် ဒါ သတင်းကောင်းပါပဲ။ ”
“ ကာတစ်က ခြေကျင်းဝတ်မှာ ထိထားတာပါ။ နိုင်ငံတကာ သီတင်းပတ်လောက်မှာ သူပြန်လာနိုင်ပါလိမ့်မယ်။ အယ်လီဆန်ကတော့ နိုင်ငံတကာသီတင်းပတ် အပြီးမှ ပြန်လာမှာပါ။ သူ့ဒဏ်ရာက အချိန်ယူရပါမယ်။ ထရန့်နဲ့ ဂျိုတာတို့လည်း နိုင်ငံတကာ သီတင်းပတ် အပြီးလောက်မှ ပြန်လာနိုင်ပါမယ်။ ”
ဒဏ်ရာရ ကစားသမားတွေကြောင့် လူငယ်လေးတွေတော့ ပွဲကစားခွင့်ရလာပါမယ်။ ၅ ပွဲဆက်တိုက် ပွဲထွက်ရမယ်ဆိုတာမျိုး မဟုတ်ပေမယ့် သူတို့ ပွဲကစားချိန် ရပါလိမ့်မယ် ” လို့ ပြောဆိုသွားပါတယ်။