အာမိုရင်းက ပိုသင့်တော်သူလို့ ဒေတာတွက်ချက်မှု၊ ဖိုင်နယ်မှာ လီဗာပူးကို ပစားမပေးကြဖို့ ဒိုင်တွေကို ပိုချက်တီနို သတိပေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

သောကြာနေ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ဒါဝင်နဲ့ ဆာလာတို့ တက်ရောက်ခဲ့ကြပါတယ်။ ဘယ်လောက် အတိုင်းအတာထိ ပါဝင်ခဲ့ကြလဲတော့ မသိရပါဘူး။

လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်မှာတော့ ချက်ကလပ် Sparta Prague အသင်းနဲ့ ထိပ်တိုက်တွေ့ပါတယ်။

Sparta Praha အသင်းသားတွေဟာ ရှုံးထွက်မှာ လီဗာပူးနဲ့အတွဲကျကြောင်း သိရချိန်မှာ ကလပ် အစည်းအဝေးခန်းအတွင်း ပျော်ရွှင်စွာ ခုန်ပေါက်ခဲ့ကြပါတယ်။

ဘောလုံးပရိသတ်တွေကတော့ ပွဲကောင်းတစ်ပွဲ ကစားရမှာအတွက် ပျော်ရွှင်မှုလို့ မှတ်ချက်ပေးကြပါတယ်။ နှစ်သင်း နောက်ဆုံးကစားဖူးတာက ၂၀၁၁ တုန်းကဖြစ်ကာ ယူရိုပါလိဂ် ရှုံးထွက်မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေမှာ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့်လို့ ယာဂင်ကလော့ပ်နဲ့ ပေးထားတဲ့ ကတိကို တည်ဖို့အတွက် လင်ဒါးက အသင်းမှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။ လင်ဒါးက လီဗာပူးမှာ ကလော့ပ် တစ်ဦးတည်းအတွက် နံပါတ် ၂ လုပ်ပေးမယ်လို့ ကတိခံထားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မန်ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ရာသီကြို ပွဲစဉ်တွေကို စတင် ကြေညာလာခဲ့ပါပြီ။

ပရိသတ်တွေက ကလော့ပ်နေရာ အစားထိုးဖို့ အလွန်ဆိုကို သဘောကျပေမယ့်လို့ လက်ရှိ လီဗာပူးကစားဟန်နဲ့ဆိုရင် ချက်ခြင်း အဆင်ပြေမယ့် နည်းပြက စပို့တင်းမှ အာမိုရင်းဖြစ်တယ်လို့ BBC ကနေ ဒေတာပိုင်းအရ တွက်ချက်ပြလာပါတယ်။

တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလားကို အောင်နိုင်လိုပြီး ဒါဟာ သူ့အတွက်ထက် ပရိသတ်နဲ့ ကလပ်အတွက်ဖြစ်ပါတယ်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။

နွေတုန်းက သူနဲ့အတူ လီဗာပူးမှာ ကစားဖို့အား ငြင်းဆန်ပြီး ချယ်ဆီးထံ ပြောင်းဖို့ ကိုင်ဆီဒို ရွေးချယ်သွားခြင်းကို နာကျင်ရတယ်လို့ မာကာက ပြောပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ ကွင်းတွင်း ကွင်းပြင်တွေမှာ မာကာရဲ့ ဩဇာ လွှမ်းမိုးမှု ကြီးမားလာခဲ့ကာ လီဗာပူးအဆင့်အတန်းနဲ့ ကိုက်ညီသူအဖြစ် အသင်းဝန်ထမ်းတွေက အထင်ကြီးမှုတွေ ရှိနေပါတယ်။

နည်းပြပိုချက်တီနိုက လီဗာပူးကို ရင်ဆိုင်ရတိုင်းမှာ အမြဲတမ်း ဒိုင်တွေက ဘက်လိုက်တယ်လို့ စွပ်စွဲခဲ့ကာ ၅၀-၅၀ အခြေအနေဆိုရင် သူတို့အသင်း အသာမရကြောင်းနဲ့ ပွဲကို မျှမျှတတ ကိုင်တွယ်ကြဖို့ ဒိုင်လူကြီးတွေအား တိုက်တွန်းပါတယ်။