ကာရာဘောင်း ဖိုင်နယ်ပွဲ၊ အလွန်ဆို ငြင်းခဲ့ရင် ချိတ်ဆက်မယ့် နည်းပြ ၂ ဦးနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ တွေအပြီးမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ နိုင်ပွဲကိုယ်စီ ရယူကာ လီဗာပူးနောက် ပြန်ကပ်လိုက်လာနေပြီ ဖြစ်ပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲအတွင်း ဝင်ဘာလေမှာ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ ကာရာဘောင်းဖိုင်နယ်ပွဲ ယှဉ်ပြိုင်ကစားကြပါမယ်။

မိုဆာလာနဲ့ ဒါဝင်တို့ဟာ ဖိုင်နယ်ပွဲကို လွဲချော်နိုင်ချေ ရှိနေဆဲပါ။ လီဗာပူးနည်းပြ အဖွဲ့ကတော့ မကြာခင် အရေးကြီးတဲ့ ပွဲစဉ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေသေးတာမို့ သူတို့ နှစ်ဦးကို စွန့်စားပြီး ထုတ်သုံးသွားမှာ မဟုတ်ပါဘူး။

မန်စီးတီးဟာ လာမယ့် ပရီးမီးယားလိဂ် ၅ ပွဲအဖြစ် မန်ယူနိုက်တက်၊ လီဗာပူး၊ ဘရိုက်တန်၊ အာဆင်နယ်၊ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ရမှာမို့ သူတို့အသင်းရဲ့ ချန်ပီယံ စိန်ခေါ်နိုင်ချေ ထွက်ပေါ်လာတော့မှာပါ။

ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ဖိုင်နယ်တွေမှာ ၃ ကြိမ် တွေ့ဆုံဖူးပြီး လီဗာပူးက ၃ ကြိမ်လုံး အနိုင်ရထားခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ ကာရာဘောင်းဖလားကို လီဗာပူးမြို့ထံ ယူဆောင်လာပေးလိုတယ်လို့ ပွဲကြိုမှာ ထုတ်ပြောသွားပါတယ်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ် ၂ ပွဲကိုတော့ လာမယ့်လ မန်စီးတီးပွဲ မတိုင်ခင် အဝေးကွင်းမှာ ပထမအကျော့နဲ့ ပွဲအပြီးမှာ ဒုတိယအကျော့တွေ အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ မရှိတဲ့ ဒီအပတ် အမှတ်ပေးပွဲတွေမှာ စနေနေ့ နေ့ခင်း ၁၂ နာရီခွဲ ပွဲစဉ် မရှိခဲ့ပါဘူး။ လီဗာပူးပရိသတ်တွေကတော့ ပွဲစီစဉ်သူတွေရဲ့ မတရားမှုလို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။

လီဗာပူးနည်းပြနေရာကို အလွန်ဆို လက်မခံဘူးဆိုရင် စပို့တင်းမှ အာမိုရင်းနဲ့ ဂျာမာန်နည်းပြ နာဂယ်စမန်းတို့ကို ချိတ်ဆက်ဖို့ FSG ဘက်က ကြိုးစားမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။