ကာရာဘောင်းဖလား အနိုင်ရအပြီး ဒဏ်ရာ ကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို အနိုင်ယူပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကာရာဘောင်းချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ဖိုင်နယ်ပွဲကို အနိုင်ယူခဲ့တဲ့ လီဗာပူးအသင်းရဲ့ နောက်ဆုံးသော ကွင်းထဲက လူစာရင်းမှာတော့ အကယ်ဒမီထွက်တွေဖြစ်တဲ့ ဂျေဆန်ဒန့်စ်၊ မက်ကော်နယ်၊ ဘော်ဘီ ကလက်၊ ဟာဗေး၊ ကွမ်းဆက်၊ ကာလယ်ဟာတို့ ၆ ဦး ပါဝင်ခဲ့ပါတယ်။

အဝတ်လဲခန်းအရောက်မှာ ဗန်ဒိုက်က သူတော့ အားကုန်သွားပြီ ထပ်မကန်နိုင်တော့ဘူးလို့ ထင်ထားခဲ့တာလို့ LFC TV ကို ပြောပြသွားပါတယ်။

လီဗာပူးပရိသတ်တွေပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂိုးသမား ကလယ်ဟာက ရရှိခဲ့ပါတယ်။

ဝါတာရု အန်ဒိုဟာ မိနစ် ၁၂၀ ကစားအပြီး ခြေထောက် အနည်းငယ် ဒဏ်ရာရခဲ့ဟန် ရှိကာ ခြေထောက်ကို အကာအကွယ်ဖိနပ် တပ်ဆင်ထားပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဂရာဗင်ဘက်ချ်ဟာလည်း ကာတစ်ဂျုံးလို ခြေထောက် အကာ တပ်ထားရပြီး သူတို့ နှစ်ဦးလုံး ခပ်မြန်မြန် ပြန်ကစားနိုင်ဖွယ် မရှိသေးပါဘူး။

ပွဲပြီးချိန်မှာ ဒါဝင် နူးညက်စ်ဟာ ကွင်းထဲကနေ ခုန်ပေါက်ပြီး ပြေးဆင်းလာခဲ့တာမို့ သူ့ရဲ့ ကြွက်သား ဒဏ်ရာက အဆင်ပြေဟန် ရှိပါတယ်။ ဆိုဘိုကလည်း သူက ဖိုင်နယ်ပွဲကို ပါဝင်လိုပေမယ့် ဆေးအဖွဲ့က ပေးမကန်ခဲ့တာလို့ ထုတ်ပြောကာ ကြံ့ခိုင်မှု ပြန်ကောင်းနေကြောင်း ထုတ်ပြောလာပါတယ်။

ကလော့ပ်ကတော့ ဒီတစ်ကြိမ် ကာရာဘောင်းဖလားဟာ သူ့နည်းပြဘဝ အကောင်းဆုံးဖလားတွေထဲက တစ်ခုလို့ ပွဲအပြီး ထုတ်ပြောသွားပါတယ်။

ချယ်ဆီးနည်းပြ ပိုချက်တီနိုက သူတို့ ပင်နယ်တီအတွက် ပြင်ဆင်နေခဲ့တာလို့ ပွဲအပြီးမှာ ဆိုလာခဲ့ပြီး မျှော်လင့်ထားသလို မဟုတ်ဘဲ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ကာရာဘောင်းဖလား အနိုင်ရခြင်းဟာ လီဗာပူးအတွက် အသင်းသမိုင်းမှာ ၁၀ ကြိမ်မြောက် လိဂ်ဖလား အနိုင်ရခြင်းပဲ ဖြစ်ပါတယ်။