

ဘရန့်ဖိုဒ့်ပွဲကို အနိုင်ရပြီးတဲ့နောက် လီဗာပူးအသင်းဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့မှာဖြစ်ပါတယ်။
မနှစ်တုန်းက ဒီလို အချိန်မှာ ၃ ရက်တစ်ပွဲနဲ့ မောပန်းခဲ့တဲ့အသင်းဟာ အခုချိန်မှာတော့ တစ်ပတ်အပြည့် အနားယူပြီးမှ လက်စတာတို့ရဲ့ ကင်းပါဝင် ကွင်းထံ သွားရောက် ရင်ဆိုင်ရမှာပါ။ လက်စတာက ဒီရာသီမှာ တန်းဆင်းဇုန် ရုန်းအားတွေ ပြသဖို့ လိုအပ်နေတဲ့ အသင်းဖြစ်ပါတယ်။
အဲ့ပွဲပြီးရင်တော့ နောက်ထပ် ၁ ပတ်အပြည့်နားပြီးရင် အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ရင်ဆိုင်ရပါမယ်။ ရာသီသိမ်း နောက်ဆုံးပွဲကတော့ တန်းဆင်းဇုန် အောက်ဆုံးနားက ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက ယူနိုက်တက်နောက် ၁ မှတ်အကွာနဲ့ ဖိအားပေးနေတာပါ။ ဒါပေမယ့် တကယ်တမ်းမှာ ယူနိုက်တက်ထက် ၂ ပွဲ ပိုကစားထားတာ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ လက်ကျန် ၅ ပွဲမှာ အနည်းဆုံး ၃ ပွဲ ခြေချော်မှပဲ အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ လက်ကျန် ၃ ပွဲလုံးကို လီဗာပူး မနိုင်ရင်တော့ ချန်ပီယံလိဂ် မပြောနဲ့ ယူရိုပါလိဂ် ဝင်ခွင့်တောင် မသေချာပါဘူး။ ဘရိုက်တန်က ပွဲကျန်တွေရှိနေပြီး စပါးကလည်း နိုင်ပွဲ ပြန်ရနေပါတယ်။ အသင်းအတွက် ဦးစားပေးက လက်ကျန် ၃ ပွဲလုံးကို အနိုင်ယူဖို့ဖြစ်ပြီး ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲကို လက်ခံလိုက်ဖို့ပဲ ဖြစ်ပါတယ်။