ကာရာဘောင်းဖလား ဖိုင်နယ်ပွဲမှာ ချယ်ဆီးကွင်းလယ်ခံစစ်သမား ကိုင်ဆီဒိုရဲ့ ဖျက်ထုတ်မှုကြောင့် ဂရာဗင်ဘက်ချ် သိသာတဲ့ ဒဏ်ရာရခဲ့သလို အန်ဒိုဟာလည်း သူ့ကြောင့်ပဲ ဒဏ်ရာရခဲ့တာလို့ ထောက်ပြမှု ထွက်ပေါ်လာပါတယ်။
အန်ဒိုနဲ့ ကိုင်ဆီဒိုတို့ဟာ ဂရာဗင်ဘက်ချ်ဖြစ်ရပ် မတိုင်ခင် ပွဲအစတည်းက မကြာခဏ ထိပ်တိုက်တွေ့နေခဲ့ကြတာပါ။ အချိန်ပိုမှာ ကိုင်ဆီဒို အနားကပ်လာမှုကို အန်ဒိုက ဘောဒီခုခဲ့ပေမယ့် သူ့ခြေထောက်ဟာ ပြိုင်ဘက် ကစားသမားနဲ့ ထိခိုက်မိခဲ့ကြောင်း ပွဲအပြီး ဗီဒီယိုတွေမှာ မြင်တွေ့လာရပါတယ်။
အန်ဒိုဟာ ကွင်းထောင့်ဘက်ကနေ အတွင်းကို ချိုးဝင်လာချိန် ကိုင်ဆီဒိုထံက ဖျက်ထုတ်မှု ရခဲ့တာဖြစ်ကာ ဆက်ကစားခဲ့ပေမယ့် ပွဲအပြီးမှာ အောင်ပွဲခံမှုအတွင်း ပြည့်ပြည့်ဝဝ ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။
So Moises Caicedo is the reason Ryan Gravenberch & Wataru Endo left on crutches with a protective boot.
£115m and doesn’t have a clue how to tackle. pic.twitter.com/wS6OwzRiUa
— 🅘 (@LFCApproved) February 26, 2024
ပွဲအပြီးမှာ အန်ဒိုဟာ ခြေထောက်ကို အကာအကွယ်တပ်ကာ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ နည်းပြကလော့ပ်ကတော့ အန်ဒို ခြေထောက် နည်းနည်းနာသွားကြောင်း အတည်ပြုခဲ့ပါသေးတယ်။
120 minutes. Never stopped running. Chased every ball in midfield. Ran himself to the ground. And he’s now a champion.
Signing Wataru Endo was the best decision of the summer. 🇯🇵 ❤️ pic.twitter.com/40uepJEMQW
— Samuel (@SamueILFC) February 25, 2024
အရမ်းမပြင်းထန်ပေမယ့် ကြာသပတေးနေ့ ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလားပွဲမှာ အန်ဒို ပါဝင်နိုင်ဖို့ မသေချာလှပါဘူး။ လက်ရှိ လီဗာပူးအသင်းမှာ စီနီယာ ကွင်းလယ်လူတွေအဖြစ် မာကာနဲ့ ဟာဗေးတို့ပဲ ကျန်ရှိနေကာ ဆိုဘို ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
