အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ကလပ် ပြန်ဖြစ်လာခြင်း၊ Champions Wall အသစ် ပြင်ဆင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီကနေ့မနက် လီဗာပူးအသင်း လေ့ကျင့်ရေးထံ ပြန်ပူးပေါင်းမှုမှာတော့ ဝါတာရု အန်ဒိုဟာ ခြေအကာ တပ်ဆင်ထားခြင်း မရှိဘဲ အဆင်ပြေပြေ ပြန်ရောက်လာပါတယ်။

သတင်းထောက် Sacha Tavolieri ကတော့ လီဗာပူးအသင်းနဲ့ အလွန်ဆိုရဲ့ ကိုယ်စားလှယ်တွေကြား စကားပြောမှုဟာ ပို ပိုပြီး အဆင်ပြေလာနေပြီလို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား အောင်မြင်ခဲ့ပြီမို့ ရာသီကုန်မှာ မြို့တွင်းပတ်ပြီး အောင်ပွဲခံဖို့ စတင် ဆွေးနွေးနေပါတယ်။ ဒါဟာ ယာဂင်ကို နောက်ဆုံးအကြိမ် အကောင်းဆုံး နှုတ်ဆက်ပေးမှုလည်း ဖြစ်ဖို့ ရည်ရွယ်ပါတယ်။

ကာရာဘောင်းဖလား အောင်မြင်အပြီးမှာ လီဗာပူးအသင်းဟာ ဆုဖလား ၆၈ ခုနဲ့အတူ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ကလပ်နေရာကို ပြန်ယူလာခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ ယူနိုက်တက်က ၆၇ ခုနဲ့အတူ ရှိနေပါတယ်။

အသင်းရဲ့ အကယ်ဒမီ လူငယ်ကြယ်ပွင့်တွေကနေ အနာဂတ်မှာ ပေါင် သန်း ၃၀၀ လောက်ထိ အကျိုးအမြတ် ပြန်ရနိုင်ဖို့ လီဗာပူးအသင်းက ရည်မှန်းထားပါတယ်။

လီဗာပူးအသင်းဟာ အန်ဖီးနဲ့ အက်ဆာလေ့ကျင့်ရေး ကွင်းတွေက Champions Wall တွေကို အသစ် ပြင်ဆင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်း မနှစ်ကရာသီ ချန်ပီယံအောင်မြင်ပြီး ဆုဖလား အောင်မြင်ကြောင်း ကြေညာမှုဟာ X လူမှုကွန်ယက်မှာ view ပေါင်း ၄ သန်းကျော် ရှိခဲ့ပါတယ်။ လီဗာပူးအသင်း ဒီရာသီ ကာရာဘောင်းဖလား အောင်မြင်ကြောင်း ကြေညာမှုကတော့ X မှာ view ပေါင်း ၁၄ သန်း ကျော်နေခဲ့ပါပြီ။