

လက်ထောက်နည်းပြ ပပ်လင်ဒါးဟာ လာမယ့်ရာသီမှာ အေဂျက်အသင်းရဲ့ မန်နေဂျာ ဖြစ်လာဖွယ်ရှိတယ်လို့ အသံထွက်နေပါတယ်။
နည်းပြကလော့ပ်ကတော့ အသင်းဘက်က အမိုးဖွင့်ဘက်စ်နဲ့ အောင်ပွဲခံရင် သူကလည်း လိုက်ပါ အောင်ပွဲခံမှာပါလို့ ထုတ်ပြောလာပါတယ်။
အလွန်ဆိုဟာ လွန်ခဲ့တဲ့ ၃ နှစ်က လက်ရှိ ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ Max Eberl နဲ့ မိုချန်ဂလတ်ဘတ်မှာ အလုပ်တွဲလုပ်ဖို့ ငြင်းဆန်ခဲ့ဖူးပါတယ်။
အဖွန်ဆို ဒေးဗစ်ကို လက်လွတ်ရမယ့် ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးအသင်းကနေ ရော်ဘတ်ဆန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ကွင်းလယ်လူ ဘာ့ဂျ်ဆီတစ်ဟာ ဒဏ်ရာ နာကျင်မှု မရှိတော့ဘဲ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခွင့်ရရေး ဆေးအဖွဲ့ရဲ့ မီးစိမ်းပြလာမှာကို စောင့်ဆိုင်းနေပါတယ်။
ဂရာဗင်ဘက်ချ်ရဲ့ ဒဏ်ရာဟာ အစောပိုင်း ထင်မြင်တာထက် သက်သာဖွယ် ရှိနေပါတယ်။ သူဟာ လာမယ့် ၂ ပွဲကိုတော့ လွဲချော်မှာပါ။
ဝါတာရု အန်ဒိုဟာ ကာရာဘောင်းဖိုင်နယ်ပွဲမှာ ပြိုင်ဘက်ထံက ကန်ခံခဲ့ရပြီး ဆောက်သမ်တန်ပွဲမှာ ထည့်သုံးဖို့တော့ စောင့်ကြည့်သွားမှာပါ။
ဒါဝင်၊ ဆာလာနဲ့ ဆိုဘိုတို့ကို ဆောက်သမ်တန်ပွဲမှာ ပွဲထွက်လူစာရင်းကနေ ထုတ်သုံးသွားဖို့ မသေချာပါဘူး။ ကစားသမားတွေ သက်သာလာပေမယ့် သူတို့ကို စွန့်စားပြီး မသုံးဖို့ကိုပဲ ကလပ်ဘက်က ဆုံးဖြတ်ထားပါတယ်။
သီယေဂို ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာ မသေချာပါဘူး။ အစောပိုင်းတုန်းက သိခဲ့ရသလိုပဲ ဒီရာသီ သူ ပြန်မကစားနိုင်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းဟာ Palmeiras အသင်းမှ ၁၈ နှစ်သား ကွင်းလယ်လူ Luís Guilherme ကို စိတ်ဝင်စားနေကာ ဒီနွေစျေးကွက်မှာ ကမ်းလှမ်းနိုင်တယ်လို့ သိရပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ကာရာဘောင်းဖလားဟာ အရေးမပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ အဲ့လို အရေးမပါတဲ့ ဖလားအတွက် လူမှုကွန်ယက်ပေါ်က ဂုဏ်ပြုခံရမှုဟာ သူတို့အသင်း ဖလား ၃ လုံး အောင်မြင်ချိန် ရတဲ့ ဂုဏ်ပြုခံရမှုထက်တောင် ပိုများပြားနေကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။