လီဗာပူးပရိသတ်တွေဟာ အကောင်းဆုံး ပရိသတ်တွေဖြစ်ပြီး ဝင်ဘာလေမှာ ချယ်ဆီးကို နိုင်ခဲ့တာဟာ ပရိသတ်တွေပေးတဲ့ ခွန်အားတွေကြောင့်လို့ ဂိုးမက်စ်က ထုတ်ပြောလာပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လန်ဒန် အခြေစိုက် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကြတဲ့ လိဂ်ဖလားမှာ လီဗာပူးအသင်းအပြင် အသင်းပရိသတ်တွေရဲ့ ပြင်းပြတဲ့ အားပေးမှုကလည်း နာမည်ကျော်ခဲ့တာပါ။
ချယ်ဆီးပရိသတ်တွေ ပြန်မလှန်နိုင်လောက်တဲ့ ပြင်းထန်တဲ့ အားပေးသံတွေ၊ ဖိအားတွေကြားမှာ လူငယ်တွေကို ခွန်အားဖြစ်စေတဲ့ လက်ခုပ်သံတွေကို လီဗာပူး ပရိသတ်တွေက ပြုလုပ်ခဲ့ကြပါတယ်။
ညာအစွန်လူ ဂိုးမက်စ်ကပဲ “ လီဗာပူးပရိသတ်တွေက ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေလို ကျနော် ထင်တယ်။ ဝင်ဘာလေမှာ နှစ်သင်း ပရိသတ်တွေက ၅၀-၅၀ ရှိနေတာပါ။
ဖိုင်နယ်ပွဲ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ ပရိသတ်တွေက ဘယ်လောက်တောင် သာလွန်တဲ့ အားပေးမှုတွေ ရှိကြလဲဆိုတာ မြင်နိုင်ပါတယ်။ သူတို့ကို အသိအမှတ် ပြုပါတယ်။ ခင်ဗျားတို့လည်း ဒါကို သတိပြုမိကြဖို့ မျှော်လင့်ပါတယ်။
When we needed it most…
One of the best Allez, Allez, Allez renditions of all-time 🎶🧣 pic.twitter.com/5arqdYxHCt
— Liverpool FC (@LFC) February 26, 2024
ပရိသတ်တွေက ကျနော်တို့အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ပြိုင်ဘက်အသင်းကလည်း သူတို့ ပရိသတ်တွေထံက ခွန်အားကို ရလိုခဲ့တာပဲ။ ကျနော်တို့တော့ ပရိသတ်တွေ ပေးတဲ့ ခွန်အားကို ရခဲ့ကြတယ်။ အဲ့တာက အကူအညီလည်း ဖြစ်ခဲ့တယ်။
ပရိသတ်တွေရဲ့ ခွန်အားပေးနိုင်မှုတွေအတွက် ကျနော်ကတော့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အာရုံတွေ မလွဲချော်လိုဘူး။ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းကို ကြိုးစားမယ်၊ ကျနော်တို့ရဲ့ ဦးတည်ချက်က ဆက်လက် စိန်ခေါ်နိုင်ဖို့ပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။