လီဗာပူးပိုင်ရှင်အဖွဲ့ဖြစ်တဲ့ FSG ဟာ နောက်ဆုံးအကြိမ် ကြိုးစားမှုအဖြစ် မိုက်ကယ် အတ်ဝပ်ကို အသင်းထံ ပြန်ခေါ်ဖို့ စည်းရုံးသွားတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ရာသီကုန်ရင် နည်းပြကလော့ပ်နဲ့တကွ နည်းပြအဖွဲ့ တစ်ခုလုံး နီးပါး နေရာတွေအတွက် ပြန်လည် အစားထိုးမှု ပြုလုပ်ရတော့မှာပါ။ အဲ့မတိုင်ခင်မှာ အရေးကြီး ရာထူးတွေကို အင်အားဖြည့်ရေး ဆက်တိုက် အားထုတ်လာနေပါတယ်။
အားကစားဒါရိုက်တာဟောင်း အတ်ဝပ်ကို သူ့ရဲ့ ရာထူးဟောင်းအပြင် အသစ်ပြန်ဖွဲ့မယ့် အုပ်ချုပ်မှုပိုင်းမှာ ဘောလုံးဆိုင်ရာ ရာထူး တစ်နေရာကိုလည်း ပေးအပ်ဖို့ FSG ဘက်က ကမ်းလှမ်းမှာ ဖြစ်ပါတယ်။
မကြာသေးခင်က လီဗာပူးရဲ့ ချိတ်ဆက်မှုကို အတ်ဝပ်က ပယ်ချခဲ့သလို ထပ်မံ ကမ်းလှမ်းမှုကိုလည်း သဘောတူမယ့် အရိပ်အယောင်တော့ မပြသေးပါဘူး။ လီဗာပူးဘက်ကလည်း ကောင်းမွန်တဲ့ ကမ်းလှမ်းချက်မျိုးဖြစ်ဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။
၂၀၁၅ တုန်းက အန်ဆယ်လော့တီနဲ့ ယာဂင်ကလော့ပ်တို့ နှစ်ဦးထဲက တစ်ဦးကို လီဗာပူးမန်နေဂျာအဖြစ် ရွေးချယ်ရေးမှာ အတ်ဝပ်ဟာ အဓိကကျသူ တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။
ဒီတစ်ကြိမ် FSG ဘက်က အတ်ဝပ်ကို ကြိုးစားခြင်းဟာ နောက်ဆုံးအကြိမ် အားထုတ်မှု ဖြစ်လာဖို့ရှိကာ ကလပ်ဘက်ကတော့ အခြားသော ပုဂ္ဂိုလ်နှစ်ဦးကိုလည်း အားကစားဒါရိုက်တာ ရာထူးအတွက် လျာထားမှု ပြုလုပ်ထားပြီ ဖြစ်ပါတယ်။