အက်ဖ်အေမှာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ခြင်း၊ အတ်ဝပ် ပြန်လာဖို့ ရှိနေခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ဆောက်သမ်တန်ကို ကူးမက်စ်၊ ဒန့်စ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အက်ဖ်အေပွဲမှာ နံပါတ် ၆ နေရာက ပွဲထွက်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ခံစစ်သမား ဂိုးမက်စ်ကို ပွဲအတွင်းမှာ လီဗာပူးပရိသတ်တွေက ဩဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ဂျေဆန်ဒန့်စ်က သူဟာ မွေးကတည်းက လီဗာပူးအသင်းကို အားပေးလာခဲ့သူဖြစ်ပြီး ဒီညသွင်းဂိုးတွေကြောင့် အိပ်ပျော်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

အသက် ၁၆ နှစ်နဲ့ ၂၄၃ ရက်ပဲ ရှိသေးတဲ့ နိုင်ယွန်နီဟာ လီဗာပူးသမိုင်းမှာ အသက်အငယ်ဆုံးနဲ့ အက်ဖ်အေပွဲ ကစားရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာတော့ လီဗာပူးဟာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့နေကာ အိုးထရတ်ဖိုဒ့်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

ကလယ်ဟာ ဟာ အခြားသောအသင်းမှာဆိုရင် ပုံမှန် ပွဲကစားခွင့် ရသင့်သူမျိုး ဖြစ်ပေမယ့် လီဗာပူးမှာက အယ်လီဆန်ကြောင့် ဒုတိယနေရာမှာပဲ ရှိနေရသူပါလို့ နည်းပြကလော့ပ်က မှတ်ချက်ပေးပါတယ်။

မတ်လအတွင်းမှာ လီဗာပူးအသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်၊ အက်ဖ်အေဖလား ကွာတားဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးတို့ကို ယှဉ်ပြိုင်ရမှာမို့ ဖလား ၃ လုံး လမ်းကြောင်းမှာ ဆက်ရှိမလား သိရပါလိမ့်မယ်။

နော်တင်ဟမ် ဖောရက်စ်နဲ့ ယူနိုက်တက်ပွဲမှာ ကာရာဘောင်းဖိုင်နယ်အတွင်း ဗန်ဒိုက်ရဲ့ သွင်းဂိုးလို သွင်းဂိုးမျိုး မြင်ခဲ့ရပြီး လူကျွံဘော မလုပ်ဘဲ ဂိုးပေးခဲ့ပါတယ်။

မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းထံ ဒီတစ်ကြိမ် ပြန်ရောက်လာရင် ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို အပြည့်အဝ ကိုင်တွယ်ခွင့်ရလိုကြောင်း အသိပေးမှု ပြုလုပ်ထားပါတယ်။