ဒီရာသီကုန်ရင် လီဗာပူးအသင်းကနေ ယာဂင်ကလော့ပ် ထွက်ခွာမှာဖြစ်ကာ သူဟာ ကလပ်ရဲ့ ရေရှည် စီမံကိန်းတွေအတွက် ပါဝင် ကူညီသွားတော့မှာ မဟုတ်ပါဘူး။
ကလော့ပ်နဲ့အတူ ပပ်လင်ဒါးနဲ့တကွ ပထမအသင်းဆိုင်ရာ တိုးတက်ရေး နည်းပြ ဗစ်တာ မာတိုစ့်ပါ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူမရှိတော့မယ့် လီဗာပူး အနာဂတ်အတွက် အမှားစကား တစ်ခု ပြောဆိုလာပါတယ်။
ဒီရာသီမှာ နည်းပြကလော့ပ်ဟာ အလားအလာရှိ လူငယ်မျိုးဆက်ကို ဆက်တိုက် နေရာပေးနေခဲ့ရာမှာ သူမရှိခဲ့ရင် ဒီလူငယ်တွေကို မေ့မပစ်လိုက်ကြပါနဲ့လို့ အသင်းကို သတိပေးခဲ့ပါတယ်။
ကလော့ပ်ကပဲ “ ဒီကောင်လေးတွေကို သူတို့ဘာသာ အရွယ်ရောက်ခွင့် ပေးလိုက်ကြပါ။ သူတို့အကြောင်း သိပ်မမေး၊ မရေးကြပါနဲ့။
သူတို့ဘာသာ သင်ယူရင်း အရွယ်ရောက်လာကြပါစေ။ သူတို့က အရည်အချင်းရှိကြတဲ့ ကစားသမားတွေပါ။ အနာဂတ်ကတော့ မဆိုးလှပါဘူး။
အပြောင်းအရွှေ့ စျေးကွက် ဖွင့်ချိန်ရောက်ရင် လူတွေ ဒီကောင်လေးတွေကို မမေ့လိုက်ကြပါနဲ့။ အလားအလာရှိတဲ့ ကောင်လေးတွေက အသင်းမှာ ရှိနေပါပြီ။ စျေးကွက်ရောက်ရင် ကစားသမားသစ် ၁၂ ဦးလောက် လက်မှတ်ထိုးတာမျိုး မလိုချင်ကြပါနဲ့ ” လို့ အသိပေးခဲ့ပါတယ်။
တိုက်စစ်သမား ကူးမက်စ်နဲ့ ကွင်းလယ်လူ နိုင်ယွန်နီတို့ဟာ သူတို့ရဲ့ ပထမအကြိမ် စီနီယာ ပွဲကစားခွင့်တွေ ရခဲ့ကြတဲ့နောက် ကလော့ပ်ရဲ့ခေတ်မှာ ခါဘီကနေ အကယ်ဒမီ ကစားသမား ၅၃ ဦးထိဟာ လီဗာပူးအတွက် ပွဲကစားခွင့် ရထားခဲ့ကြပြီ ဖြစ်ပါတယ်။